"ဟေး ဒီမှာထိုင်လို့ရလား....''

ဧဒင် မေးနေသည်ကိုမကြား၍ပဲလားမသိ ထိုကောင်လေးက အငေးမပျက် ။ ထိုကောင်လေးငေးနေတာနဲ့ အတန်းထဲကလူတွေဝိုင်းကြည့်ကုန်ပြီ... ။

"ဖျောက်ခ်....''

လက်ဖြောက်တီးသံကြားမှ အလန့်တကြားနှင့်သတိပြန်ဝင်လာသောထိုကောင်လေး ။ ထိုကောင်လေးလို့သာခေါ်သော်လည်း သူ၏အရပ်အမောင်းသည် မိမိနှင့်မတိမ်းမယိမ်းပင် ။ ခန္ဓာကိုယ်ကတော့ မိမိထက်အနည်းငယ်မျှလောက်သာသေးနိုင်သည် ။

"Yo bro ကြည့်လှချည်လားဗျ မေးတာဖြေပါဦး''

"အမ် အမ် အင်း..... ဘာမေးတာလဲမသိဘူး''

"ဒီမှာထိုင်လို့ရလားလို့မေးတာ အရှေ့ကခုံတွေမှာမထိုင်ချင်လို့လေ... ''

"သြော် ရပါတယ် ထိုင်ပါ ''

ပြောပြောဆိုဆိုနဲ့ သူ့ပစ္စည်းတွေဟိုဘက်ရွှေ့ကာထိုင်ခိုင်းပြီးတာနဲ့ ကိုယ့်ကို လှည့်တောင်မကြည့်တော့ပေ..။ သူ့phကိုသာအာရုံစိုက်နေတဲ့ထိုကောင်လေးက ခုနက ကိုယ့်ကို ငေးနေတာ သူမဟုတ်သလိုချေနေပြန်ရော.....။ ဧဒင်လဲဘာမှဆက်မပြောတော့ပဲ ဂိမ်းထိုင်ဆော့နေလိုက်သည် ။

နေ့လည်ထမင်းစားချိန်ရောက်တော့ canteen၌ တယောက်ထဲထိုင်နေသော အချေကောင်လေးကိုတွေ့ပါသေးသည်..။

အချေလေးကိုသွားနှုတ်ဆက်မလို့ပဲရှိသေး သူငယ်ချင်းတွေအတင်းဆွဲခေါ်တာနဲ့ ပါသွားရတော့သည် ။

အတန်းထဲပြန်ရောက်တော့လဲ ထိုကောင်လေး လာတာမြင်ပေမဲ့ gameကပွဲကောင်းနေတော့ ထမသွားဖြစ်ပေ။
ကျောင်းဆင်းချိန်ရောက်သည်အထိကို ထိုကောင်လေးနှင့် စကားမစမိပဲဖြစ်နေတော့သည်...။

***************************************************

ကျောင်းဆင်းချိန်ရောက်သောအခါ ထိုကောင်လေးကိုရှာကြည့်ပေမဲ့မတွေ့ရ...။အရင်သွားနှင့်ပြီဟုထင်သောကြောင့် သူငယ်ချင်းဖြစ်သူ အာကာဦးနှင့် နေသုတတို့ကိုသာ အတန်းရှေ့၌စောင့်နေလိုက်သည်။ ထိုအချိန်၌

"Hey u......''

မိမိအားစကားလာပြောသော ကောင်မလေးကြောင့် ဧဒင်ထိုင်နေရာမှမော့ကြည့်မိသည် ။

Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)CompletedWhere stories live. Discover now