အခန်း ၂၇။ ငါ့expression pack နဲ့ ငါ့ကိုပြန်တိုက်ခိုက်သတဲ့။

Beginne am Anfang
                                    

ရှန်းကျူ : ဆီထဲကို ယွမ်နှစ်ရာ ထပ်ပစ်ထည့်လိုက်ပါ။

(Y/N-ဆီဆိုတာ ဘဏ်accပါနော် ဘေဘီ စီက၂၀၀ထပ်တောင်းနေတာပါနော်🙃)

လင်းမုန့် : ငါသာမင်းကို ယွမ်၂၀၀၀ပေးရင်ကောင်းကင်ဘုံကိုများ ပျံတက်သွားမလား။

ရှန်းကျူ : ဖေဖေက မင်းကိုပျံသန်းစေတယ်.gif

……အရမ်းကောင်းတယ်! ဒါက သူ့ရဲ့ expression pack နဲ့ သူ့ကိုတိုက်ခိုက်တဲ့ နောက်ထပ်လူတစ်ဦးပေါ့လေ။

သည်စကားပြောခန်းမှ Ssတွေကို လင်းမုန့်တစ်ယောက် မည်သို့သော ခေါင်းစဉ်နဲ့ရေးတင်မလဲဆိုတာ မင်းတို့ခန့်မှန်းနိုင်မှာပါ။

- ထိတ်လန့်!  Fighting Cat က နာမည်ကြီးတိုက်ရိုက်ထုတ်လွှင့်သူက ဒီလို သဘောတူညီချက်မျိုးကို သီးသန့်ပြုလုပ်ခဲ့တယ်။

- ထိတ်လန့်!  နာမည်ကျော်မင်းဂွတ်သီးနတ်ဘုရားရဲ့ တိုက်ရိုက်ထုတ်လွှင့်သူအသစ်ကို မြှင့်တင်ပေးရခြင်း အကြောင်းအရင်းအမှန် ...

- ထိတ်လန့်!  ယောကျာ်းလေးတိုက်ရိုက်ထုတ်လွှင့်သူက လူကြိုက်များတဲ့ တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦး ဖြစ်ချင်တော့ ငွေကြေးလာဘ်ပေးရတယ်...

(L/N- အထက်ပါ၃ခုက တစ်ကယ်တင်တာမဟုတ်ပါဘူးနော်။)

လင်းမုန့် : မင်းကို မြက်ခင်းတွေကြီးထွားအောင် ကူညီဖို့ဆိုပြီး လာဘ်ထိုးဖို့ကမ်းလှမ်းခဲ့တဲ့ တစ်ခြားတိုက်ရိုက်ထုတ်လွှင့်သူတွေ ရှိခဲ့ဖူးလား။

ရှန်းကျူ : အင်း... အများကြီးပဲ။

လင်းမုန့် : တကယ်ကြီးလားဟ။

လင်းမုန့်၏ အတင်းအဖျင်းစိတ်ဓာတ် မီးပွားလေးက ဟုန်းခနဲတောက်လောင်သွားတော့သည်။

လင်းမုန့်: အဲ့ဒါကဘယ်လိုမျိုးလဲ။

ရှန်းကျူ : အဲဒါက မင်းအတိုချုပ်လုပ်ခဲ့တဲ့နည်းလမ်းပဲ။ ဂေးဟန်ဆောင်ပြီး မဟုတ်တရုတ်တွေရောင်းဖို့အတွက် လက်ဆောင်တွေနဲ့တိုက်ခိုက်တာပဲ။

ရှန်းကျူ : အိမ်ဝင်းတစ်ခုကိုပို့ပြီး အသာလေးပွတ်ပေးလိုက်။ ငွေတန်ဖိုးနှစ်ဆရှိတဲ့ အိမ်၀င်းကိုပြန်ရလိမ့်မယ်။

လင်းမုန့် သေချာတွက်ချက်ကြည့်မိသည်။ အမှန်တကယ်တော့ သူ့မှာ ငွေကြေး အတော်လေးအကြွေးတင်နေသည်။။

လင်းမုန့် : မင်းသဘောတူခဲ့လား။

ရှန်းကျူ : မတူဘူး။

လင်းမုန့် : ဘာဖြစ်လို့လဲ။

ရှန်းကျူ : ငွေကြောင့်နဲ့လှုံ့ဆော်ခံရမှာမဟုတ်လို့ဘဲ။

လင်းမုန့်က ရှန်းကျူရဲ့ ၀င်ငွေနှင့် ပတ်သက်ပြီး စိတ်မ၀င်စားပေ။ သူကမဆင်းရဲဘူးဆိုတာကိုသူသိနေသည်။  ဘာပဲဖြစ်ဖြစ် သန်းပေါင်းများစွာသော တိုက်ရိုက်ထုတ်လွှင့်သူတွေထဲကမှ တစ်ချို့တစ်လေ တိုင်းကျော်ပြည်ကျော်ဖြစ်သွားသည့် ဒဏ္ဍာရီတွေလည်းရှိခဲ့ဖူးသည်။

သည်လိုလူမျိုးဖြစ်တဲ့ ရှန်းကျူက သေချာပေါက်ငွေကြောင့်နှင့် လှုံဆော်ခံရလိမ့်မည်မဟုတ်။

ရှန်းကျူ : လိင်ဆွဲဆောင်မှုနဲ့ ဆိုင်တာလည်းရှိသေးတယ်။

လင်းမုန့် : မင်းဒါကိုသဘောတူခဲ့တာလား။

ရှန်းကျူ : ဟင့်အင်း။

လင်းမုန့် : ဘာဖြစ်လို့လဲ။

ရှန်းကျူ : မင်းကရုပ်မချောဘူး။

... ဟုတ်။ကျေးဇူး... အိုး!

လင်းမုန့် : ငါတကယ်ပြောတာ။  အနာဂတ်မှာ ငါ့ကိုလက်ဆောင်တွေလာ မပေးပါနဲ့တော့။

လင်းမုန့် : ငွေကြောင့် ငါတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကိုမထိခိုက်ပါစေနဲ့။

ရှန်းကျူ : ဒီကိစ္စမှာ သူငယ်ချင်းဆက်ဆံရေးဆိုတာမရှိဘူး။

လင်းမုန့် : ???

လင်းမုန့် : ဘာလဲ၊ မင်းက ငါနဲ့ ဆက်နွယ်မှုအားလုံးကိုဖြတ်ပစ်ချင်တာလား။

ရှန်းကျူ : စောစောအိပ်ပါ။

ဒီစကားတွေကိုပြောပြီးတာနဲ့ ရှန်းကျူဟာ မည်သည်မျှမှ ပြန်ဖြေခြင်းမရှိတော့တာကြောငိ့ လင်းမုန့်ကို အတော်လေးစိတ်ရှုပ်သွားစေသည်။

သူကဒီအတိုင်း သူ့အတွက်နဲ့လက်ဆောင်တွေမဖြုန်းသင့်ဘူးလို့ပြောခဲ့ရုံပါ။ ဒါပေမယ့် သူငယ်ချင်းတွေဆိုရင်လည်း အဲဒါကိုလုပ်ဖို့အတွက်ခွင့်ပြုသင်ရဲ့လား။

___________________________________________

ဒီနေရာမှာလင်းမုန့်တွေးတာက သူငယ်ချင်းဆိုရင်လည်း အဲ့လိုတွေငွေဖြုန်းတာကိုခွင့်ပြုသင့်ရဲ့လားလို့ပါ။ ကိုယ်ဆိုလည်း ကိုယ့်bffတွေကိုဒီလိုသုံးခွင်ပြုနိုင်မှာမဟုတ်ဘူး🤷‍♀️

Translated by Yaw_Ywet_Kway.

(Completed)မင်းတို့ကောင်တွေဂိမ်းကစားတာတော်တော်လေးကောင်းတယ်(Translation)Wo Geschichten leben. Entdecke jetzt