[24]' Kissing A Rose🌹 '

Start from the beginning
                                    

ထိုဖြစ်စဉ်မှာ အဝေးကကြည့်လျှင် အတော်ဟာသဆန်သည် ။

ဧကရာဇ်၏ ကောင်မလေးအပေါ် ကြင်နာပြပုံမှာ လွန်စွာအကျိုးအကြောင်းမဆီလျှော်ရတကား ... ။ သူတို့နှစ်ယောက်ဖြစ်‌နေပုံသည် နှင်းတောထဲ, နဂါးနက်ကြီးတစ်ကောင်က သမင်ငယ်လေးအား စားသောက်ရန် မညှာမတာ ကိုက်ချီယူဆောင်သွားပုံနဲ့သာ တူနေလေတော့သည် ။

အင်အားကြီးသူ၏ မတတ်တခေါက် ကြင်နာပြခြင်းကြောင့် အားနည်းသူမှာ စေတနာထက် ဝေဒနာကိုသာ ခံစားရလျက် ... ။

မြေပြန့်နဲ့မတူပဲ နှင်းထဲလျှောက်နေရသဖြင့် အားစိုက်ရတာအပြင် ၊ အရှင်သခင်၏ အားနဲ့ဆွဲမှုကြောင့် Afa ရဲ့ ခြေထောက်တို့မှာ နာကျင်လာရသည် ။ သူပေးဝတ်ထားတဲ့ ဝတ်ရုံရှည်ဟာလဲ တော်တော်လေးလံတာမို့ လူမှာ လဲကျကာ တရွတ်တိုက်ပါတော့မတတ်ဖြစ်ရသည် ။

" ဟူး ... "

‌နှစ်ယောက်သား လျှောက်လာရင်း တအောင့်လောက်ကြာတော့ လမ်းဆုံးကို မြင်နေရပြီ ။ လမ်းဆုံးမှာ နီညိုရောင် ရထားလုံးတစ်ခု ရပ်ထားလျက် ၊ ထိုရထားလုံးဘေး၌ နက်ပြာရောင်ဂါဝန်နဲ့ မိန်းကလေးတစ်ယောက်ကိုလဲ တွေ့နေရသည် ။ Afa. သူငယ်ချင်းမလေး Lila ဆိုတာ မမှားနိုင် ... ။

သူလဲ မြင်ပုံရ၏ ။ သူ လမ်းမဆုံးထိ ဆက်မသွားပဲ ခြေလှမ်းတွေကိုရပ်ကာ Afa. ကို လှည့်ကြည့်လာသည် ။ ထိုအခါမှ ကျွန်ငယ်လေး၏ ဖရိုဖရဲ မောဟိုက်နေပုံကို မြင်လေတော့သည် ။

Afa မှာ ‌နှင်းတောထဲ ချွေးစများစို့နေပြီ ။ သူရပ်နေတုန်း အသက်ကို အဝရှူရှိုက်နေရ၍ ရင်မှာ လှိုင်းခတ်နေသည် ။ သူ့ရဲ့ အားသန်သော လက်ဖဝါးဆုပ်ထဲမှ လက်လေးကိုမူ နာပဲနာနာ ဘာပဲဖြစ်ဖြစ် စွန့်လွှတ်လိုက်ပြီး ၊ ကျန်လက်တစ်ဖက်နဲ့ သူပေးသနားထားသော လေးပင်တဲ့ သားမွှေးထည်ကြီးကို မပင့်ထားရလေသည် ။

ဘယ်လိုပဲ ကြည့်ကြည့် ရှင်ဘုရင်ရဲ့ အပြုအမူဟာ ကျွန်‌ငယ်အတွက် မေတ္တာမဆန်ပေ ။ ဒုက္ခဆန်သည် ။

သူ့မျက်ဝန်းနက်တို့ အနည်းငယ်ပြူးကျယ်သွားကာ ထိတ်လန့်သွားတာ သိသာလိုက်သည် ။ ပြီးမှ သူ သတိဝင်လာပုံရကာ ပင့်သက်တိုးတိုးရှိုက်လေသည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now