[24]' Kissing A Rose🌹 '

Start from the beginning
                                    

ထိုအနမ်းဟာ တကယ်ပဲ သူ့အတွက် အရေးမပါဘူးလား ? အဲသလိုပဲ နေမည် ။

ဆူးပေါတဲ့ နှင်းဆီမှန်းသိပါလျက် ၊ လှမ်းဆွတ်ဖို့ ကြိုးစားပြီး လက်မှာဆူးရှတော့မှ နာလှပါချေရဲ့တဲ့ ... တုံးအတဲ့ ဒီနှလုံးသားကလေ ။

သူပြောတယ် ... ဒီအမဲလိုက်ပွဲမှာ သူ့ကို ဘယ်သူမှမကျော်နိုင်တာကြောင့် ကျွန်ငယ်ကို တခြားသူတစ်‌ယောက်ဆီ ပေးပစ်ဖို့ အခြေအနေမျိုး မရောက်ပါဘူးတဲ့ ။

Afa မေ့သွားတာပါ ။ သူဟာ သိပ်ကို မာနကြီးတဲ့ ဧကရာဇ်တစ်ပါးပဲ ... ။ သူ ဘာအကြောင်းနဲ့ သူ့ကစားစရာလေးကို တပါးသူဆီအရှုံးခံမလဲ ။

Afa သူ့သဘောကို နားလည်တာမို့ ရခဲ့သမျှ အကြင်နာသေးသေးလေးတွေကို စုဆောင်းကာ ရင်မှာထည့်သိမ်းထားလိုက်သည် ။ အငိုတိတ်စေတဲ့ အနမ်း၊ မျက်ရည်တွေကို ဖယ်ရှားပေးတဲ့ လက်ချောင်းချောင်းများ ၊ နူးညံ့တဲ့ ‌အပြောတွေ... နောက်ထပ် ရှိလာပါ့မလား မသေချာတာမို့ ။

ပြီးနောက် အရှင်သခင်အပေါ်မှာထားတဲ့ မျှော်လင့်ချက်တွေကို တဆစီ မိမိဖာသာ ချေမွလိုက်သည် ။ ဘယ်တော့မှ မတန်တရာတွေကို မတောင်းတော့ပါဘူး ... ။

စိတ်လိုလက်ရ ကမ်းပေးမှ ဆူးမရှမှာမို့ ... သူ အသာတကြည်ပေးမှပဲ အမြတ်တနိုးယူတော့မည် ။

" အရှင့်ရဲ့ တန်ဖိုးကြီးဝတ်ရုံက ဒီကျွန်ကြောင့် ပေညစ်သွားမှာ စိုးတယ် "

နုအိသော သားမွှေးထည်ကို ဖိဆုပ်ရင်း Afa ပူပန်စွာ အတွန့်တက်မိသည် ။ သူ ချက်ချင်း မျက်မှောင်ကုပ်သွား၏။ ပြီးတော့ ဘာမှမပြောတော့ပဲ Afa. လက်တစ်ဖက်ကို လာဆွဲကာ ရှေ့သို့လျှောက်လေတော့သည် ။

" အရှင် ? "

Afa. ကို လမ်းဆုံးထိ ပို့ပေးမယ့်ပုံပင် ။

သူဆွဲပုံကြီးမှာ တဇွတ်ထိုးဆန်၏ ။ရှည်လျားတဲ့ သူ့ရဲ့ခြေတံတွေဖြင့် လွှားခနဲလွှားခနဲ ရှေ့ကလျှောက်တော့ သေးငယ်သော ကျွန်မလေးမှာ ယက်ကန်ယက်ကန်နဲ့ သူ့နောက်က တလှိမ့်လှိမ့်ပါလာရ၏ ။ ဒါပေမယ့် သူ တစ်စုံတစ်ခုကို အလိုအကျဖြစ်သွားပုံရတာကြောင့် Afa မငြီးငြူရဲပေ ။ သူ့ကို မှီအောင် အမောတကောလိုက်ရလေသည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now