I. A Boy with Rounded Eyes

Começar do início
                                    

အဝတ်အပိုလေးနှစ်စုံကို ကျောပိုးအိတ်ထဲထည့်လွယ်လျှက် ထယ်ယောင်း နောက်မလှည့်စတမ်း ထွက်ပြေးလာခဲ့သည်။ မိုးတွေ အငြိုးတကြီး ရွာနေသည့်ကြားမှ သူဆက်ပြေးလွှားနေခဲ့သည်။ တစ်ကိုယ်လုံး စိုရွှဲပြီး ချမ်းတုန်လာသည်အထိ သူပြေးလွှားနေဆဲ။

ဤမျှလောက်အထိ သူကြိုးစားခဲ့သော်လည်း နှလုံးသားမဲ့လွန်းသည့် ကံတရားက သူ့ကို လွတ်မြောက်ခွင့်မပေးခဲ့။ မိုးအရမ်းသည်းပြီး ကားလမ်းတွေချော်နေခဲ့တာကြောင့် အရှိန်မထိန်းနိုင်သော ကားတစ်စီးက လူသွားစင်္​ကြန်ပေါ်ပြေးလွှားနေသည့် ထယ်ယောင်းကို နောက်က ဝင်တိုက်ခဲ့သည်။

လူသွားစင်္ကြန် ပလက်ဖောင်းကို အရင်တိုက်မိပြီး အရှိန်လျှော့သွားခဲ့သော်လည်း အရှိန်လက်ကျန်ရှိသေးသည်မို့ ထယ်ယောင်း တစ်မီတာလောက်အထိ လွင့်သွားခဲ့ရသည်။ မကျမတော်ခဲ့သဖြင့် တစ်ကိုယ်လုံး ဆုံထဲထည့်ထောင်းခံရသလို အသည်းခိုက်သည်အထိ နာကျင်ခဲ့ရသည်။

နောက်ဆုံးတော့ ထယ်ယောင်း ဆေးရုံရောက်သွားခဲ့ရပြီး ကံကောင်းစွာ အသက်ရှင်ခဲ့သော်လည်း သူ့ဘဝက မိဘလောင်းရိပ်အောက် ပြန်ရောက်သွားခဲ့ရသည်။ ခြေထောက်ကို အရေးပေါ်ခွဲစိတ်ခဲ့ရပြီး လမ်းပြန်လျှောက်နိုင်ဖို့ ခြောက်လလောက်အထိ အချိန်ယူကုသခဲ့ရသည်။

အခုဆို ထယ်ယောင်းခြေထောက်တွေ အကောင်းပကတိပြန်ဖြစ်ခဲ့တာ တစ်လလောက်ရှိတော့မည်။ သို့သော် သူ့မိဘတွေက အပြင်ထွက်ခွင့်မပေးသေး။ အပြင်မှာ မိုးတွေတဖွဲဖွဲရွာနေသည်။ သိပ်လှသည့် မိုးစက်လေးများက သူ့​ကို အပြင်ထွက်လာခဲ့ဖို့ ဖိတ်ခေါ်နေသလို သူခံစားရသည်။

မိုးရွာထဲ ထီးလေးတစ်ချောင်းဖြင့် လမ်းလျှောက်ထွက်ရသည့် အရသာကိုလည်း သူ မြည်းစမ်းကြည့်ချင်မိသည်။ မိခင်ဖြစ်သူကလည်း သူ့ကို အပြင်မသွားဖို့ အမိန့်ပေးနေပြီမို့ ဘာဆက်လုပ်ရမည်မသိဘဲ အိမ်အဝမှာ မတ်တပ်ရပ်လျှက်သား။

" ယောင်းလေး အမေပြောနေတာ ကြားလား။ အခုချက်ချင်း အိမ်ထဲပြန်ဝင်လာခဲ့။ အိမ်အဝမှာရပ်ပြီး အပြင်ထွက်ဖို့စဥ်းစားနေရင် အခုချက်ချင်း စဥ်းစားတာရပ်လိုက် "

Rain On Me (Completed) Onde as histórias ganham vida. Descobre agora