Chapter 6

3.6K 456 82
                                    

(Zawgyi)

"မင်း... မင်းပြောတာ.. သူလေးက... Taehyung ပေါ့လေ.. ဟုတ်လား...??"

၂ယောက်ကြားထဲမှာ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်လုပ်နေတဲ့ Taehyungie လေးကတော့ ကလေးပီပီ ဘာပြဿနာဖြစ်နေမှန်း နားလည်ပုံမရပေ...။ ဆိုဖာအောက်ကျနေတဲ့ Jimin ရဲ့ မွှေးပွအရုပ်လေးကိုလည်းမြင်ရော ချက်ချင်းကို လေးဘက်တွားပြီး အရုပ်လေးဆီပြေးတော့တယ်...။

"ငါသိတယ်... ဒီကိစ္စက ယုံနိုင်စရာမရှိဘူးဆိုတာ.. ဒါပေမဲ့ အဲ့ဒါအမှန်တရားပဲ... ငါလည်းဘာဆက်လုပ်ရမှန်းမသိတော့ဘူး"

Jungkook ညည်းတွားနေပေမယ့် Jimin ကတော့ ခုထက်ထိ သူ့မျက်စိရှေ့က ကလေးပေါက်စလေးကိုသာ မျက်တောင်မခတ်ငေးကြည့်နေမိတယ်...။ မျက်ဝန်းလှလှလေးတွေနဲ့ နှာခေါင်းထိပ်နားကမှဲ့သေးသေးလေးကအစ တူနေတာကို အရင်ကတော့ Taehyung နဲ့ တော်တော်တူတာပဲလို့ သာမန်မျှသာတွေးခဲ့မိတာ...။

အရုပ်လေးကိုကိုက်ရင်း ကိုယ့်ဘက်ကိုပြန်လှည့်ကြည့်လာတဲ့ ကလေးပေါက်စလေးကို သေချာကြည့်မိတော့ ရင်ထဲနင့်ခနဲဖြစ်သွားရတယ်...။ ဖြစ်မှဖြစ်ရလေခြင်းလို့လည်း ယူကြုံးမရဖြစ်လာရတယ်...။

"Taehyung ရယ်..."

ပူဆွေးသောကရောက်သွားရှာတဲ့ နှလုံးသားရဲ့ခိုင်းစေချက်ကြောင့် Jimin လည်း ကလေးငယ်ကို ရင်ခွင်ထဲဆွဲဖက်ပစ်လိုက်မိတယ်...။ နို့နံ့သင်းသင်းလေး မွှေးပျံ့နေတဲ့ ရင်ခွင်ထဲက ကလေးငယ်လေးက တချိန်ကသူသဘောကျနေရတဲ့ ကောင်ချောလေးဆိုတာ မယုံချင်ပဲနဲ့ယုံလိုက်ရပါပြီ...။

"အဟင့်... Pa..pa.."

လက်ထဲက ကလေးပေါက်စက အတန်ငယ်လူးလွန့်ရင်း ငိုတော့မလိုဖြစ်နေတယ်...။ Jungkook ဆီကိုလည်း အတင်းလက်ဆန့်တန်းပေးနေသဖြင့် Jimin ဖက်ထားရာကနေ အသာဖြေလွှတ်လိုက်ရတယ်...။ တဆက်တည်းမှာပင် Jungkook ကလည်း ချက်ချင်းကိုပဲ ကလေးကိုပွေ့ချီကာ သူ့ပခုံးပေါ်ခေါင်းလေး အသာမှောက်စေလိုက်တယ်...။

"ဘာဖြစ်နေတာလဲကွာ... ကလေးစိတ်ညစ်အောင်မလုပ်နဲ့... ဒါနဲ့မင်းအိမ်မှာ နို့ဘူးတွေဘာတွေ မရှိဘူးလား...??"

Jimin လည်း အကဲပိုလွန်းတဲ့ Jungkook ကို မျက်စောင်းသာ လှိမ့်ထိုးလိုက်တယ်...။ ဘယ်နှယ့် လူပျိုလေးနေတဲ့အိမ်မှာ ကလေးနို့ဘူးရှိစရာလား...။

My Baby Taehyungie (Completed) Where stories live. Discover now