18

1K 184 11
                                    

အိမ်သို့ပြန်ရာလမ်းတလျှောက်လုံး စိတ်တွေနောက်နေသလို ရင်ထဲမှာလဲ ခဲစွဲထားလို
လေးလံနေခဲ့မိသည်။ 
မြေနေရာကို သူမရောင်းခဲ့ရင် ကောင်းသားဆိုသော အတွေးက အကြိမ်ကြိမ်ပေါ်လာမိသလို   ထိုသို့မရောင်းခဲ့ရင်လဲ ဆော့ဂျင်နဲ့
အခုလို အဆင့်‌ထိရောက်လာဖို့ မဖြစ်လာနိုင်တာမို့ အတွေးနောကါတမျိုးဖြစ်သွားရပြန်သည်။

"သူဠေး ပြန်ရောက်ပြီလား!!"

သူကားလေးပေါ်က ဆင်းသည်နှင့် နှုတ်ဆက်လာတဲ့ အိမ်အလုပ်သမားကောင်လေးကို ခေါင်းလေးသာငြိမ့်ပြရင်း အိမ်ထဲဝင်လာမိချိန် ဧည်ခန်းထဲတွင်ထိုင်နေသော ဆော့ဂျင်ကို တွေ့လိုက်ရသညါ။

"ဂျင်လေး ၊ ဒီမှာဘာထိုင်လုပ်နေတာလဲ  "

ဆော့ဂျင်ဘေးတွင် ခရီးဆောင်အိတ်လေး တလုံးဟာလဲ အသင့်ရှိနေတာမို့ အနားကို
အလျင်အမြန်သွားမိတော့သည်။

"ဂျင်လေး ဒီအိတ်ကဘာလဲ!!"

"ဒီအတော်အတွင်း ဂရုစိုက်ပေးခဲ့လို
ကျေးဇူးတင်ပါတယ် ဦး မဟုတ်ဘူး
ကင်မ်နမ်ဂျွန်းရှီ!!  ခင်ဗျား ပစ္စည်းတွေအကုန်
နေရာတကျ ထားခဲ့ပေးသလို ဒီဆွဲကြိုးကိုရော
ပြန်ယူလိုက်ပါ ၊ အစစအရာရာအားလုံးအတွက်
ကျေးဇူးတင်ပါတယ် "

ခရီးဆောင်အိတ်လေးကိုဆွဲကာ သူအရှေ့က ထွက်သွားဖို့ပြင်နေတဲ့ ဆော့ဂျင်လက်လေးကို
ပြန်ဖမ်းဆွဲထားရင်း နားမလည်နိုင်စွာဖြင့် မေးမိတော့သည်။

"ဂျင်‌ေလး က ဘယ်သွားဖို့လဲ
ဘာလို့ ဒီဆွဲကြိုးပြန်ပေးနေရတာလဲ?'

"အရမ်းထက်မြတ်ပါတယ်ဆိုတဲ့ ကင်မ်နမ်ဂျွန်းက ဘာဖြစ်လိုအခုမှ ရူးချင်ဟန်ဆောင်နေရတာလဲ?  ခင်ဗျားနဲ့ကျတော် ဆက်ဆံရေး ဒီမှာ
တင်ပြီးသွားပြီမို့ ထပ်ပြီး ဟန်မဆောင်နေပါနဲ့တော့ "

"ဘာလို့ ပြီးရမှာလဲ ဂျင်လေး
ကိုယ်က ဘာကိုဟန်ဆောင်နေလိုလဲ?"

"ဒီမှာကင်မ်နမ်ဂျွန်းရှီ ခင်ဗျားနဲ့ ကျတော်အကို
ပြောခဲ့တဲ့စကားမှန်သမျှကို တလုံးမကျန်
ကျတော် ကြားခဲ့ပြီးပြိမို့ ဘာမှသရုပ်မဆောင်နေပါနဲ့တော့ ၊ ခင်ဗျားကျတော်ကို
မြေယာတွေလောက်တောင် တန်ဖိုးမထားခဲ့ဘူးဆိုတာ အခုလိုအချိန်ထဲက သိခွင့်ရလို
အများကြီးကျေးဇူတင်တယ် "

Only...I See Him☑️ completedWhere stories live. Discover now