အပိုင်း ၁

3.1K 126 1
                                    

|| Zawgyi ||

လွန်ခဲ့သော 7 နှစ် [ 2014 ခုနစ် ]

" ဟေ့ကောင် သွားပြောလေ အဲ့ဒီစီနီယာအကိုကြီးကို သဘောကျနေတာမလား မင်းပြောမှသူသိမှာလေကွာ "

သူငယ်ချင်းတွေရဲ့ မြှောက်ပင့်ပေးမှုကြောင့် ရိပေါ်တစ်ယောက်နောက်ဆုံးနှစ်တွေကြားထဲ ရောက်သွားရသည်။ ထမင်းစားလွှတ်ချိန်မို့ လူတွေကကွင်းအပြည့် သွားလာနေကြတယ်။ ဒီကြားထဲမှာလူတစ်ယောက်အတွက်ကတော့ ကျိန်းသေပေါက်လမ်းဖယ်ပေးထားကြသည်။ သူကနောက်ဆုံးနှစ်ရဲ့ King ပဲ့။ မဟုတ်သေးဘူး။ သူဒီကျောင်းရောက်လာတဲ့ အထက်တန်းနှစ်ကတည်းက king ရခဲ့တဲ့ကောင်လေးပဲ့။ ပြိုင်ပွဲမှာတောင် ဘယ်သူထည့်လိုက်တဲ့ပုံမှန်းမသိဘူး။ သူ့ရဲ့ပုံကဝါးဝါးကြီးနဲ့ ဒါပေမဲ့အရမ်းကိုပြည့်စုံလွန်းတဲ့ စီနီယာအကိုကြီးရဲ့ ပုံကြောင့်ဝါးနေပေမဲ့ တခြားလူတွေကို အပြတ်အသက်နိုင်ခဲ့သည်။ သူကတော့ကျွန်တော်လို မနူးမနှပ်တဲ့အထက်တန်းကျောင်းသားလေးရဲ့ crush စီနီယာရှောင်းကျန့်ပါပဲ့။

ဟူး...ငါသူ့ကိုသဘောကျတယ်။ သူကတော့ငါ့ကိုတောင် သိမှာမဟုတ်ဘူး။ ငါဖွင့်ပြောသင့်တယ်။ အဲ့ဒါမှသူငါ့ကိုသတိထားမိလာမှာလေ။

ရဲတင်းစွာနဲ့ လူအုပ်ကြီးက ထိုစီနီယာအကိုကြီးကို လမ်းဖယ်ပေးတဲ့အတိုင်း လျှောက်သွားလိုက်သည်။ ရိပေါ်သွားတာနဲ့ သူ့သူငယ်ချင်းတစ်ယောက်က ခေါင်းခါလိုက်ပြီး

" ရိပေါ်ကတော့ကွာ ကျောင်းရဲ့ ghost king ကိုမကြောက်မရွံရည်းစားစကား ပြောရဲတယ်ကွာ "

သူပြောတဲ့အချိန်မှာ ရိပေါ်လည်းစီနီယာရဲ့ အရှေ့မှာခြေစုံရပ်လိုက်တဲ့အချိန်ပင်။

" စီနီယာ ကျွန်တော်စီနီယာကို သဘောကျတယ် "

အပ်ကျသံတောင် ကြားနိုင်လောက်တဲ့အထိ တိတ်ဆိတ်သွားသည်။ အားလုံးကလည်း ရှောင်းကျန့် ဘာပြောမလဲစိတ်ဝင်စားနေကြတယ်။

" မင်းက ငါ့ကိုသဘောကျတယ်ပေါ့ "

ရှောင်းကျန့် ရိပေါ်ကိုငုံ့ကြည့်ရင်းမေးလိုက်သည်။ သူ့ရဲ့မျက်ဝန်းအတွင်းမှာတော့ လှောင်ရိပ်တွေနဲ့ အထင်သေးခြင်းများစွာနဲ့။

အဆုံးသတ်...မဟုတ်သော(အဆုံးသတ်...မဟုတ်သော)Where stories live. Discover now