အပိုင်း ၎

1.6K 96 1
                                    

|| Zawgyi ||

" မင်္ဂလာပါ သခင်လေး "

အိမ်တော်ထဲကားထိုးလိုက်တာနဲ့ များစွာသောအိမ်အလုပ်သမားတွေက ခေါင်းငုံနှုတ်ဆက်ကြသည်။ ရှောင်းကျန့်တစ်ယောက်ကိုမှ ဂရုမစိုက်ပဲအိမ်ထဲဝင်တော့ ဆိုဖာပေါ်ထိုင်ရင်း ကုမ္ပဏီကိစ္စတွေကို ကြည့်နေတဲ့အဖေဖြစ်သူကို တွေ့လိုက်ရသည်။

" ပါး "

" လာထိုင် "

သူနဲ့သူ့ရဲ့မိဘတွေနဲ့က ခပ်တန်းတန်းပဲ့ဆက်ဆံကြတယ်။ ငယ်ငယ်ကတည်းက အထိန်းအချုပ်တွေနဲ့ ကြီးပြင်းလာရတော့နေသားကျနေပါပြီ။ သူကတစ်ဦးတည်းသောသားဖြစ်ပေမဲ့ လုံးဝဂရုစိုက်ခြင်းကိုမခံခဲ့ရဘူး။ ဒါကြောင့်အခုလိုအေးစက်စက်သာ ဖြစ်နေခဲ့တာ။

" မင်းလည်းအသက်အရွယ်ရလာပြီပဲ့ လက်ထပ်သင့်ပြီ "

ရှောင်းကျန့်သူ့အဖေကို မယုံနိုင်ခြင်းများစွာ ပါဝင်သောကြည့်တွေနဲ့ စေ့စေ့ကြည့်လိုက်သည်။ သူဘာမှမပြောနိုင်ဘူး။

" ငါအခုရှန်ဟိုင်းဘက်က ဆိပ်ကမ်းတစ်ခုမှာ ဆောက်လုပ်ရေးလုပ်နေတာ ရံပုံငွေနဲ့ရှယ်ယာရှင်တွေလိုအပ်နေတယ်။ မင်းနဲ့အိမ်ထောင်ဘက်တွေ့မဲ့သူက ဒီကိစ္စတွေကို ရှင်းပေးနိုင်တယ်။ သူကWang လုပ်ငန်းစုရဲ့သား မင်းလဲသိလောက်မှာပါ သူ့နာမည်ကဝမ်ရိပေါ်တဲ့ "

ဝမ် ရိ ပေါ်

မျက်ဝန်းထဲမှာညကပုံရိပ်တွေ ဖြတ်ပြေးသွားပြီး ဒေါသတွေထွက်လာခဲ့သည်။

" ပါး...ကျွန်တော် ဒါတော့လက်မခံနိုင်ဘူး "

" မင်းသဘောမတူလို့မရဘူး "

" ပါး ကျွန်တော်ငယ်ငယ်လေးကတည်းက ပါးနဲ့မားဖြစ်စေချင်တဲ့အတိုင်း နေလာခဲ့တာ အခုထိပဲ့။ ဒါမဲ့ကျွန်တော့အိမ်ထောင်ဖက်ကိုတော့ ရွေးချယ်လို့မရဘူးလား "

ပါးကမျက်နှာတစ်ချက်ပျက်သွားသည်။ အိမ်ထဲကထွက်လာတဲ့ အမေဖြစ်သူကလည်း ခြေလှမ်းတွေရပ်တန့်သွားတယ်။
ရှောင်းကျန့်အဖေက

" ငါသဘောတူလိုက်ပြီ ဒီကိစ္စဖျက်လို့မရဘူး။ "

" ပါး သူကယောက်ျား​လေးတစ်​ယောက် သားသူနဲ့လက်ထပ်ရင် အများပြောမှာ ပါးနဲ့မားဘယ်လိုမှမနေဘူးပေါ့ "

အဆုံးသတ်...မဟုတ်သော(အဆုံးသတ်...မဟုတ်သော)Where stories live. Discover now