"ရိပေါ် ခဏနော်"

"ရှောင်းကျန့် ငါ ရေးစရာအိမ်စာတွေအများကြီး ကျန်သေးတယ် ခုချက်ချင်းရှင်းပြ"

"ခဏ... အင်း ရှင်းပြမယ်နော်
လီယို ကိုယ့်ဘာသာဆက်တွက်လို့ရတယ်မလား ဆက်တွက်ကြည့်လိုက်နော် မရမှ ကောကိုမေး"

"ကဲ ပြော ရိပေါ် ဘာမရတာလဲ"

နာရီဝက်ခန့်ကြာပြီးနောက်

"ရိပေါ် ဒီပုစ္ဆာကိုပဲ ထပ်ခါထပ်ခါရှင်းပြနေတာကို နားမလည်ဘူးလား"

"အင်း မလည်ဘူး ထပ်ရှင်းပြ "

ရိပေါ်ကို စာထပ်ရှင်းပြနေတုန်း ရှောင်မာမားက အခန်းထဲက ထွက်လာသည်။

"ကျန့်ကျန့်  ကလေးတွေကို အသီးခွဲကျွေးလေကွယ် မားခွဲပေးရမလား"

"နေနေ မား ကျွန်တော့်ဘာသာခွဲလိုက်မယ်"

"လီယို ကောအသီးသွားခွဲ​နေတုန်း ရိပေါ်ကို
ဒီပုစ္ဆာဆက်ရှင်းပြလိုက်ဦး
ကောရှင်းတာ သူနားမလည်ဘူးထင်တယ် "

" ဟုတ်... ကော လီယိုသေချာရှင်းပြလိုက်ပါမယ်"

"မလိုဘူး"

"ရိပေါ်... "

"ငါနားလည်သွားပြီမို့ ရပြီ
မင်းသာ ခွဲစရာရှိတာ ​မြန်မြန်ဆန်ဆန်ခွဲခဲ့"

ရှောင်းကျန့် မီးဖိုခန်းထဲဝင်ပြီး ပန်းသီးနဲ့ သစ်တော်သီးခွဲကာ
ပန်းကန်ထဲကို အစိတ်လေးတွေစိတ်ထည့်လိုက်သည်။ ဧည့်ခန်းထဲပြန်ဝင်လာတော့ နှစ်ယောက်လုံးက တိတ်တိတ်ဆိတ်ဆိတ်စာလုပ်နေကြသည်။

"ခဏ နားကြဦး
လာ အသီးစား"

ရှောင်းကျန့် ပြောရင်းဆိုရင်း ပန်းသီးစိတ်ကို
ခက်ရင်းနဲ့ထိုးကာ ပါးစပ်ထဲထည့်မလို့ရှိသေး
လမ်းတစ်ဝက်မှာ လုစားသွားခြင်းခံရသည်။

"လီယို... "

"လက်မအားလို့ပါ ကောရဲ့"

" အာ့ကြောင့် ခဏရပ်ထားပါဦးဆို"

"ရပ်လို့ ဘယ်ဖြစ်ပါ့မလဲ ကောရယ်
တစ်ယောက်သောသူက စိန်ခေါ်ထားတာကို"

"....."

"ရှောင်းကျန့် အာ..."

ဝမ်ရိပေါ်က ပါးစပ်ကိုဟကာ ရှေ့တိုးလာသည်။ ရှောင်းကျန့် သစ်တော်သီးတစ်စိတ်ကို ခက်ရင်းနဲ့ထိုးကာ ခွံကျွေးလိုက်သည်။

"တော်ပြီ ခုရပ်တော့ မရပ်ရင် ငါစိတ်ဆိုးတော့မှာ"

ထိုအခါမှ ဝမ်ရိပေါ်ရော လီယိုရော ရေးလက်စတွေကို နားလိုက်ကြသည်။

" ကော ခြံထဲခဏဆင်းရအောင်"

"အင်း သွားလေ"

ရှောင်းကျန့်တောင် မထရသေး၊ ရိပေါ်က အရင်မတ်တပ်ထရပ်သည်။

"ငါလည်း အညောင်းဆန့်ချင်နေလို့"

ခြံထဲက ကွပ်ပျစ်ပေါ်မှာ သုံးယောက်သား ထိုင်နေကြသည်။ ရုတ်တရက် ရိပေါ်က ရှောင်းကျန့် ပေါင်ပေါ်ခေါင်းအုံးပြီး လှဲချလိုက်သည်။

"ကြယ်တွေကို သေချာကြည့်ချင်လို့"

"..."

အေးအေးဆေးဆေးရှိတဲ့ရပ်ကွက်မို့ ဖြတ်သွားဖြတ်လာ အနည်းငယ်ကလွဲရင် ဘာသံမှမကြားရ၊ တိတ်ဆိတ်နေသည်။
သူတို့လည်း စကားမဆိုမိကြ ၊ လေထုက ငြိမ်ငြိမ်သက်သက်။
ခဏကြာတော့ လီယိုက စကားစသည်။

"ကော လမင်းကြီးကလှတယ်နော်"

"အင်း"

"ကောသိလား လီယို စာအုပ်ထဲမှာဖတ်ဖူးတယ် ဂျပန်မှာလားမသိဘူး ရှေးကအမျိုးသားတွေက သူတို့ချစ်တဲ့သူကို ချစ်တယ်လို့ တိုက်ရိုက်မပြောပဲ လမင်းကြီးကလှတယ်နော် လို့ ပြောကြတယ်တဲ့"

"အယ်... လီယို"

"ဗျာ"

"မှန်မှန်ပြောစမ်း... ဘယ်ကောင်မလေးကို
ပြောမလို့ လေ့ကျင့်နေတာလဲ ကောကိုစကားတွေအစပျိုးမနေနဲ့ မင်းတို့ရည်းစားထားရင်တောင် သင့်တော်တဲ့သူဆိုရင် ကောကမတားပါဘူး ခုတော့ နည်းနည်းငယ်သေး....."

"ကော..."

ရှောင်းကျန့်စကားတောင်မဆုံးလိုက်
လီယိုက ဆောင့်အောင့်ပြီး အော်ချလိုက်သည်။

" တော်ပြီ စာသွားလုပ်တော့မယ်"

လီယိုကအိမ်ထဲပြန်ဝင်သွားသည်။ ရှောင်းကျန့် အူတူတူနဲ့ကျန်ခဲ့သည်။

"ရိပေါ် သူဘာဖြစ်သွားတာလဲ"

"မသိဘူး"

"နေပါဦး မင်းကရော ဘာတွေပြုံးနေတာလဲ
မဟုတ်မှ မင်းလည်း သူ့လို..."

"ငါ..."

"သူ့လို ရည်းစားထားချင်နေပြီလား"

"ရှောင်းကျန့်!!"

"မအော်နဲ့ ငါလည်း မင်းထားချင်ရင်တော့ အတင်းမတားပါဘူး"

"တကယ့် ငတုံး မင်းက ငတုံး"

ရိပေါ်ကလည်း သူ့ကိုအော်ကာ အိမ်ထဲပြန်ပြေးဝင်သွားသည်။

"ဘာလဲဟ သူတို့ပဲ ရည်းစားထားချင်လို့
စကားခေါ်နေပြီး..... တကယ့်အရူးနှစ်ကောင်"

By Fair Means or Foul || Completed ||Where stories live. Discover now