CHAPTER-18

1.4K 123 2
                                    

Unicode,

စည်းအတွင်းကနေ ထွက်လာတဲ့ ဝမ်ရှောင်။သူ့မျက်လုံးတွေရဲ့ဦးတည်ရာဟာ ချင်းလင်တစ်ဖြစ်လည်း ရှောင်လျန်းထာဆီတွင်သာ။

'ရှောင်လေး ကိုယ် ကိုယ်တောင်းပန်ပါတယ်၊မင်းကို ကိုယ်တောင်းပန်ချင်ခဲ့တာ ဒါပေမဲ့ ဒါပေမဲ့ ကိုယ်သတ္တိနည်းခဲ့မိပါတယ်'

သူဒူးထောက်ချကာ တောင်းပန်စကားဆိုလိုက်လေသည်။

'ပိတ်ထားစမ်း ခင်များ$သံမကြားချင်လို့တောင် ခင်များ ဝိညာဥ်ကို နုတ်ခဲ့တာလေ။ခင်များက ရုပ်လေးနဲ့မလိုက်အောင် ရက်စက်ယုတ်မာတယ်၊ခင်များက လူယုတ်မာပဲ လူယုတ်မာ'

ရှောင်လျန်းထာမှာ မျက်ရည်တွေစီးကျလျက်ပြောနေသည်။(ဒီနေရာကနေစပြီး ချင်းလင်ကို ရှောင်လျန်းထာလို့ပဲသုံးလိုက်ပါမယ်နော်)

'ဟုတ်ပါတယ် ကိုယ်က လူယုတ်မာ မကောင်းတဲ့သူ ဒါပေမဲ့ မင်းကို နာကျင်စေလိုတဲ့စိတ်အလျင်းမရှိခဲ့ပါဘူး အဲ့ဒါအမှန်ပါ ကိုယ်ပြောတာယုံပါနော်'

'ထွီ ရွံစရာကောင်းလိုက်တာ မနာကျင်စေချင်ဘူးဟုတ်လား၊ခင်များဦးနှောက် ချီးတွင်းဖြစ်လို့လား။မနာကျင်စေချင်လို့ ခင်များက ဟိုဟာမနဲ့ ယူလိုက်တာပေါ့လေ။ငါ့ကိုပစ်ထားပြီးတော့။ငါသေမတတ်ကြောက်ခဲ့ရတဲ့အချိန်၊လူရမ်းကားတွေရဲ့ လက်ထဲမှာ ဘဝပျက်ခဲ့ရတဲ့ အချိန်တုန်းက ငါတောင့်တခဲ့တာ ခင်များ ကိုကိုဆိုတဲ့ ခင်များပဲ၊ဒါပေမဲ့ ရက်စက်တယ် ခင်များရက်စက်တယ် ကျွန်တော့်ကိုလေ ....'သူဆက်ပြီးမရပ်နိုင်တာကြောင့် ပစ်ထိုင်လိုက်မိသည်။မျက်ရည်လည်ရွဲနှင့်သူ့ရဲ့မကျေနပ်ချက်များကိုဖွင့်အံနေတော့သည်။

'ခင်များပစ်ထားရက်တယ်၊ကျွန်တော့်ကို ခင်များပစ်ထားခဲ့တယ်လေ။'

ဝမ်ရှောင့်မျက်လုံးများပြူးကျယ်သွားသည်။

'ရှောင်လေး မင်း မင်းဘာတွေပြောနေတာလဲ မင်းဘဝပျက်တယ် လူရမ်းကားတွေလက်ထဲမှာ ဘာကိုပြောတာလဲ ကိုယ်ဘာမှမသိခဲ့ဘူး ကိုယ်ဘာမှမသိခဲ့ဘူး ပြောပါဦး ကိုယ့်ကိုပြောပါဦးကွာ။'

သူဒူးထောက်နေရာကနေ အလျင်အမြန်ထ၍ ရှောင်လျန်းထာဆီသွားကာ သူ့ပခုံးကို တင်းကျပ်စွာဆုပ်ကိုင်၍ မေးနေမိသည်။

A CURSE (Completed)Where stories live. Discover now