CHAPTER- 6

1.7K 149 0
                                    

Unicode,

အမှောင်ယံကြီးစိုးတဲ့အချိန်အခါ....

ချင်းလင်ကစိတ်ပူ၍ သီးသန့်ခန်းငှားပေးခဲ့တာကြောင့် အခန်းထဲက ကုတင်ပေါ်မှာ တစ်ယောက်တည်းသာ ထိုင်နေမိသည်။သို့သော် အမှန်စင်စစ်မှာမူ တစ်ယောက်တည်းမဟုတ်ခဲ့ပါချေ။

ကုတင်ခေါင်းရင်းနားတွင် တအီအီငိုလျက် ထိုင်နေတဲ့ လူတစ်ယောက်။ကုတင်ခြေရင်း ထောင့်နားတစ်နေရာတွင် ဆေးထိုးအပ်တန်းလန်းနှင့်ပင် နာလွန်း၍အော်ငိုနေရှာသောကောင်မလေးတစ်ယောက်။မမြင်ချင်ယောင်ဆောင်လျက် သန့်စင်ခန်းထဲသို့ဝင်လိုက်သည့်အခါ...

အိမ်သာခွက်ထဲသို့ ခေါင်းစိုက်ပြီး သွေးတွေအန်နေတဲ့ အန်တီကြီးတစ်ယောက်နှင့်ဆုံရပေတော့သည်။ထိုအန်တီကြီးက ရုတ်တရပ် ရိပေါ့်ဘက် လှည့်ကြည့်လာသောအခါ မျက်လုံး၊နှာခေါင်း၊နားနှစ်ဖက်တို့မှ သွေးတွေက တလဟော စီးကျလျက်။

အိမ်သာတံခါးကိုအလျင်အမြန်ဆွဲပိတ်ပြီးကုတင်ပေါ်တွင်သာ ပြန်ထိုင်နေမိသည်။ထိုစဥ်အခန်းပတ်ပတ်လည်က ငိုသံတွေက တစ်ဖန်ပြန်ထွက်ပေါ်လာပြန်သည်။

#အားးးး စိတ်ကုန်ဖို့ကောင်းလိုက်တာ!ဒီလိုအရာတွေနဲ့နေသားကျအောင်ကြိုးစားလေ နေသားမကျနိုင်လေဖြစ်နေပေသည်။ဟုတ်ပါတယ်လေ နေသားကျသွားပြီး အဆင်ပြေလာမယ့်အရာမျိုးကိုတော့ ဘယ်လိုလူမျိုးက အချိန်ကုန်ခံ အပင်ပန်းခံပြီး ကျိန်စာတိုက်ပါ့မလဲ။ဝမ်ရိပေါ်...ဝမ်ရိပေါ် ...မင်းတော့ဒီနွံထဲက ထွက်လို့တောင်ရပါ့မလားပဲ...#

#မဖြစ်ဘူးဒီအတိုင်းထိုင်ပြီးတော့ သူတို့ငိုသံတွေနားထောင်နေရတာ အဓိပ္ပာယ်မရှိဘူးလေ။ချင်းလင်ကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းရမယ်။#

'Hellllllo' တစ်ဖက်ပြန်ဖြေလာတဲ့ အိပ်မှုန်စုံဝါးအသံ။

'ငါပါ '

'ဟင်!ရိ ရိပေါ် ဘာဖြစ်လို့လဲ ခေါင်းကိုက်လို့လား..တစ်ခုခုဖြစ်လို့လားငါ့ကိုဖူန်းဆက်...'

'ငါ့ဆိုင်ကယ်ရော' တစ်ဖက်ကစိတ်ပူပြီးမေးနေတာတောင်ဆုံးအောင်မေးခွင့်မပေးသော ရိပေါ်ပါလေ။

A CURSE (Completed)Where stories live. Discover now