Extra

1.4K 90 27
                                    


Unicode,

နေ့တစ်လီညတစ်လှည့်ပြောင်းလဲနေမှုဟာ မြန်ဆန်လွန်းလှသည်။နှစ်လဆိုသော အချိန်တွေကိုဖြတ်သန်းလာပြီးနောက် သူတို့အိပ်မက်ဆိုးကြီးဟာ အမှန်တကယ် ပြီးဆုံးသွားပြီဆိုသည်ကို လက်ခံနိုင်လာကြသည်။

'လောင်ဝမ်'

'ဟင် ပြောလေ ကျန့်ကော'

နှစ်ယောက်ဟာ ရိပေါ့်ဧည့်ခန်းရှိဆိုဖာပေါ်တွင်ထိုင်ပြီးပေါက်ပေါက်ဆုတ်စားကာ တီဗွီကြည့်နေကြခြင်းဖြစ်သည်။

သူတို့ကြည့်နေသော ကားမှာ romance  ကားဖြစ်တာကြောင့် တစ်ယောက်နှင့်တစ်ယောက်ဟာ မျက်နှာချင်းမဆိုင်မိအောင်ကြိုးစားနေသည့်နှယ်။

'မင်းသမီးမေးသလိုပဲ ကိုယ်လည်းမေးချင်တယ်'

အယ်..လာပါပြီ ကျန့်ကောရဲ့ မပြီးဆုံးနိုင်သော အတိတ်ခြေရာကောက်ကြောင်းများ...

'အင်း..' သူသံယောင်လိုက်ပေးလိုက်သည်။ထိုသို့မဟုတ်ပါက ညစာငတ်နေပေလိမ့်မည်။

'မင်းကိုယ်နဲ့စတွေ့တဲ့နေ့ကိုမှတ်မိလား'

#အဲ့နေ့က မေ့မရတဲ့နေ့ဆိုတာ သူမသိလေရော့သလား..

'မှတ်မိတာပေါ့ ကျွန်တော် ဆေးရုံတက်နေတုန်းက ကျန့်ကော လာစမ်းသပ်ပေးတုန်း ပထမဆုံးတွေ့ကြတာလေ' ယုံကြည်ချက်ခိုင်မာစွာ သူတထစ်ချပြောလိုက်သည်။

'တိန်....မှားတယ်'

ဟမ်! မှားတယ် မဖြစ်နိုင်တာ...

'ကျန့်ကော လူကြီးဖြစ်ရင် မလိမ်ရဘူးနော် ကျွန်တော်ပြောတာမှန်တာကို သက်သက်ညစ်တာပဲ'

'ကိုယ်ပြောပါတယ် မင်းကို ကိုယ်က ပိုချစ်တာပါလို့ မင်းမမှတ်မိတဲ့အချိန်တွေမှာတောင်ကိုယ်က မင်းကိုမှတ်မိနိုင်တယ်။'

'စဥ်းစား မင်းအရှုံးပေးရင် ကိုယ်ပြောပြမယ်။ပစ်ဒဏ်ကတော့ အဖြေပြောပြီးရင်ပြောမယ်'

'ကျန့်ကော ဒါသက်သက်ညစ်တာပဲ။ပစ်ဒဏ်ကဘယ်ကနေဘယ်လိုပါလာရတာလဲ။ပြီးတော့ ဒါမမှတ်မိတာနဲ့ပဲ ကျွန်တော်က ပိုချစ်တာမဟုတ်တော့ဘူးတဲ့လား။ဒါယုတ္တိမရှိဘူးနော် ကျန့်ကော ညစ်နေတာအသိသာကြီး ဟွန့်'

A CURSE (Completed)जहाँ कहानियाँ रहती हैं। अभी खोजें