🍁Daffodils အပိုင်း(၁၈)MaMa Boy

Start from the beginning
                                    

"ဟိုးအဝေးကြီးကလူက ဘာကိုသိလိုက်ရလို့ ချက်ချင်းကြီးတွေ အလုပ်ထွက်ခိုင်းတာဖြစ်မလဲ...ခေမီ မင်းနဲ့ငါက လက်ထပ်မဲ့လူတွေဆိုပေမဲ့ လူကြီးချင်းပဲစကားပြောထားတဲ့အဆင့်နော်...သေသေချာချာတောင်စေ့စပ်ထားကြတာတောင်မဟုတ်ဘူး...ငါ့ကိုထိန်းချုပ်ဖို့မကြိုးစားနဲ့ ...ငါ့ကိစ္စငါ့ဘာသာကြည့်လုပ်မှာမို့ မင်းနဲ့လုံးဝဆိုင်မနေဘူး..ဘေးဖယ်နေလိုက်!"

ပြောပြီးပြီးချင်း မေးစေ့ကလက်ကို ဆတ်ခနဲ ကြမ်းကြမ်းတမ်းတမ်းပြန်ရုတ်ကာ ခပ်စူးစူးတစ်ချက်ကြည့်ပြီးမိုးပင်လယ်ထွက်သွားတယ်။တစ်ဖြေးဖြေးမြင်ကွင်းကနေဝေးဝေးသွားတ​ဲ့ကျောပြင်ကိုကြည့်ပြီး ခေမီ ခံရခက်စွာ နှုတ်ခမ်းကိုဖိကိုက်ထားမိတယ်။

ဒီလိုမျိုးတွေဖြစ်လာအောင်လုပ်တာ နွေဦးဧရာပဲ...နင်နဲ့ငါဘယ်လောက်ထိ ရေစက်ဆုံနေဦးမှာလဲ။ခါးသက်တဲ့ မကျေနပ် မုန်းတီးမှုများနဲ့ခေမီ့မျက်လုံးများမှာ ရဲရဲနီနေတယ်။
______________

အပြေးပြေးအလွှားလွှား မောပန်းရတဲ့ သီရေတာဒေးတွေလွန်မြောက်ပြီးတစ်ဖန်ပြန်ရတဲ့နားရက်မှာတော့နွေဦး အိပ်ရေးဝအောင်အိပ်ပြီး နိုးလာတာတောင် အိပ်ယာထဲကမထဘဲ ဖိုးဝါနဲ့အပြိုင် လူးလိမ့်နေလိုက်တယ်။ဒီတစ်ပါတ်လဲ မိုးပင်လယ်တစ်ယောက်မနားမနေ အလုပ်လုပ်နေတာမျိုးမရှိရင်ကောင်းမယ်လို့ ပျင်းပျင်းရိရိနဲ့သူ တွေးမိတယ်။မဟုတ်ရင်သူ့ကို ငပျင်းလို့ထင်မှာစိုးတာကြောင့် အနည်းအကျဥ်းပဲဖြစ်ဖြစ်ဝင်ဝင်လုပ်နေရတယ်လေ။

၁၀နာရီလောက်ထိအားရအောင်လူးလိမ့်ပြီး အိမ်အောက်ထပ်ဆင်းလာတော့ ခါတိုင်းလို တစ်ကုပ်ကုပ်နဲ့ကြမ်းတိုက် အိမ်ရှင်းနေတဲ့ မိုးပင်လယ်ကို မတွေ့ရပဲ တယော ကို ယုယုယယ ပွတ်တိုက်နေတဲ့ မိုးပင်လယ်ကိုသာတွေ့ရတာမို့နွေဦးအံ့ြသသွားရတယ်။တယောအိတ်ကြီး 'မ သယ် လာတာတွေ့ပေမဲ့ ရောက်ကတည်းကအိပ်ခန်းထဲမှာထည့်ထားလိုက်ပြီး တစ်ခါမှထုတ်မလာတာမို့ တယောအရောင်တောင် သူမမြင်ဖူးသေးဘူး။

နွေဦး ကော်ဖီခွက်ကိုင်ပြီး ထိုင်ခုံမှာ ဝင်ထိုင်ကာမှ တယောဘိုးတံကို ထင်းရှူးဆီနဲ့တိုက်နေရင်း မိုးပင်လယ်ကမော့ကြည့်လာတယ်။ထုံးစံအတိုင်း အပြုံးတစ်ပွင့်နဲ့ 'မောနင်း နွေဦး' လို့နှုတ်ဆက်ပေမယ့်လဲ ခါတိုင်းလို မဟုတ်တာကို နွေဦးခံစားမိနေတယ်။

?Daffodils[Complete]Where stories live. Discover now