_7_Cinderella and the midnight time.

1.9K 127 11
                                    

နေ့တစ်နေ့ဟာ အမြဲတမ်း ၂၄ရာရီအတိရှိတာပါပဲ။ ပျော်နေခဲ့တာမို့ အချိန်တွေကုန်သွားကို မသိလိုက်တာတဲ့။ ပျော်နေခဲ့တာမို့ အချိန်တွေက ကုန်တာ မြန်တယ်လို့ ထင်နေရတာပါတဲ့။

အဲ့ဒီတုန်းက.... မိုးရာသီ.... ဆောင်းရာသီ တွေကို ကျမပျော်နေခဲ့တာ ထင်ပါတယ်။ ဘဝမှာ အမှတ်တရရှိရနေမယ့် နေ့ရက်တွေဟာ အဲ့ဒီအချိန်တုန်းက နေ့ရက်တွေပါပဲ။ သူဟာ ကျမဆီကို ကံကောင်းခြင်းဆုလာဘ်လိုမျိုး ရောက်ရှိလာခဲ့ပြီး.... ခေါင်းစဥ်တပ်မထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ ကျမကို နွေးထွေးစေခဲ့ပါတယ်။

🌻🌻🌻🌻🌻🌻

" နေကြာမွန်.... "

အိမ်ပြန်ချိန် စက်ဘီးသော့ဖွင့်နေတုန်း လူတစ်ယာင် ခေါ်သံကြာင့် နေကြာမော့ကြည့်လိုက်သည်။ တစ်နေရာရာမှာ မြင်ဖူးနေတဲ့ လူတစ်ယောက်ဆိုတာ သိပေမယ့် ဘယ်နေရာမှာ တွေ့ဖူးတာလဲ.... ဘယ်တုန်းကလဲ ခေါင်းထဲမှာ ဘာမှ ရှိမနေတော့ပါ။

" မမှတ်မိပြန်ဘူးလား....  အကိုက ထက်ဝေအောင်လေ.... "

" ဪ..... "

နေကြာက အပြေးအလွှား ကြားဖူးသမျှ နာမည်တွေကို မှန်ဉာဏ်တွေထဲ ပြန်ဖော်ရင်း ထိုလူ့ကို မော့ကြည့်နေမိသည်။ သူ..... ဘာပြောချင်လို့ပါလိမ့်။ ဘာလုပ်ချင်လို့ပါလိမ့်....

" Essay ဒုတိယဆုရတဲ့ တစ်ယောက်လို့ ပြောရင် မှတ်မိပြီလား.... "

" ဟုတ်.... ဘာ ဖြစ်လို့လဲဟင်.... နေကြာ ပြန်တော့မှာမို့.... "

ဆောင်းက ညနေခင်းကို နှေးကွေး ထိုင်းမှိုင်းစေပါသည်။ ကောင်းကင်မှာ မှုံမှိုင်းနေပြီး လေထုက အေးစက်နေပါသည်။ နောက်ပြီး ဒီမြို့ကလေးမို့.... ဆောင်းရာသီတိုင်းဟာ နွေးထွေးမှုကို ပိုပြီး လိုအပ်နေခဲ့ပါသည်။

" ဒီဟာလေး..... ပေးချင်လို့ "

အဝါရောင်ဖျော့ဖျော့မှာ နီညိုရောင်အစင်းလေးတွေပါတဲ့ မာဖလာလေးကို ဂုံနီကြိုးကလေးနဲ့ ချည်ထုံးထားပြီး အပေါ်မှာ စာအိတ်ကလေးလည်း ညှပ်ထားသေးသည်။

" ညီမလေးက အဝါရောင်ကြိုက်တယ်ဆိုလို့.... "

နေကြာကလေ.... အဝါရောင်ကြိုက်တာတဲ့လား။ နေကြာကိုယ်တိုင်တောင် မသိခဲ့ပါ။ ကိုယ့်ကိုယ်ကို ငုံ့ကြည့်မှ ကျောပိုးအိတ်ကလည်း အဝါရောင်။ ဘောပင်အိတ်ကလည်း အဝါရောင်။ သိုးမွေးခေါင်းစွပ်ကလေးကလည်း အဝါရောင်။ ဟုတ်သားပဲ.... နေကြာက အဝါရောင် ကြိုက်တာနေမှာ။ ဒါပေမယ့်....

Sunflower: always long for only one.Where stories live. Discover now