ဒါဆို ရိပေါ်ကရော
ရိပေါ်လည်း ချောပါသည်။ မျက်နှာထားတည်တည်ကြီးနဲ့လုပ်လုပ်နေတာကလွဲရင် ရိပေါ်လည်း ချောပါသည်။

နေရာယူပြီး မှာစရာရှိတာ မှာလိုက်သည်။
ခဏကြာတော့ လီယိုက စကားစလာသည်။

" လီယိုက ရိပေါ်ပါ ပါလာမယ်ထင်နေတာ"

"အာ ဘာလို့ ပါရမှာလဲ
ပန်းချီပြခန်းနဲ့သူနဲ့က ဘာမှကိုမဆိုင်တာ"

"ကောကို စိတ်ဆိုးနေဦးမယ်"

"သူကတော့ အဲ့တိုင်းပဲလေ
ဒါမယ့် ကောကတော့ ဂရုမစိုက်ပေါင်
ဒင်း ကြာကြာစိတ်မဆိုးရဲပါဘူး
သူက ကောကို ကြောက်ရတယ်လေ "

ရှောင်းကျန့်စကားဆုံးတော့ တစ်ဖက်ဝိုင်းက
လောင်းကုတ်နဲ့ဦးထုပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူကြီးက အအေးသောက်ရင်း ထသီးသည်။ လီယိုကတော့ သူ့စကားကို အော်ရယ်သည်။

"ရှောင်မာမားပြောလိုက်တာကတော့
မနက်က ယုန်လေးတစ်ကောင် ရေစိုပြီး ကြွက်စုတ်ဖြစ်သွားတယ်တဲ့"

"ဟာ..... မာမားကတော့ လုပ်ပြီ
စကားမများနဲ့ စားစရာရှိတာစားတော့"

လီယိုက ရှောင်းကျန့်ကိုကြည့်ပြီး တဟားဟားအော်ရယ်ပြန်သည်။
တကယ်တော့ ရှောင်းကျန့်ရော လီယိုရော
ရိပေါ်အ​ပြုအမူတွေနဲ့အသားကျနေပါပြီ ။
အထူးသဖြင့် ရှောင်းကျန့်ပေါ့ ။

စားသောက်ပြီးတာနဲ့ ဘတ်စ်ကားနဲ့ပဲ ပြန်လာလိုက်သည်။ လီယိုက အိမ်အထိလိုက်ပို့မယ်ပြောလို့ အတင်းတားထားခဲ့ရသည်။

"တော်တော်မှ ပျော်ခဲ့ရဲ့လား ရှောင်းကျန့် "

အိမ်ထဲကို ဝင်ဝင်ချင်းကြားလိုက်ရတာကတော့ ရိပေါ်အသံရယ်ပါ။

" ပျော်တာပေါ့ မင်းမပါလို့လားမသိဘူး
ပျော်စရာကောင်းလိုက်တာဆိုတာလေ"

"ရှောင်းကျန့်!!"

ရှောင်းကျန့်က ရိပေါ်ကို လျှာထုတ်ကာ အတင်းပြောင်ပြသည်။

" ဘယ်လိုဖြစ်နေတာလဲ မျက်နှာကိုက စပ်ဖြီးဖြီးနဲ့ ရေနဲ့ထပ်ပက်လိုက်ရမလား"

"မင်း..... သွားတော့ သွား
ငါ လျှောက်လည်ရတာ ပင်ပန်းလာပြီ
အိပ်တော့မို့"

ရိပေါ်လည်း ရှောင်းကျန့် ပင်ပန်းလာပြီဆိုတာကြောင့် ဘာမှဆက်မပြောတော့ပဲ ပြန်ရန်​
ခြေလှမ်းပြင်လိုက်သည်။

" ရိပေါ် "

"ဘာလဲ "

"ရော့ "

"....."

"ဒူးရင်းရေခဲမုန့် လမ်းထိပ်ဆိုင်က အမ်းစရာမရှိဘူးဆိုပြီး ပေးလိုက်တာ ငါမှ ဒူးရင်းမကြိုက်တာကို မင်းယူသွားတော့"

ရိပေါ်ကို လက်ထဲက ရေခဲမုန့်ဘူးပေးလိုက်ပြီး မီးဖိုချောင်ထဲ ဝင်လာခဲ့လိုက်သည်။
ရိပေါ်ကတော့ သူတို့အိမ်ဘက် ပြန်ကူးသွားသည်။

" ဟွန်း သူ့ကိုပေးဖို့အရေး ဆိုင်ကနေ တကူးတက ဝင်ဝယ်ပြီး ကိုင်လာရတယ်
လက်တွေတော့ အနံ့တွေစွဲကုန်ပြီလားမသိဘူး
အိုက်ယား.....မားရေ ဆပ်ပြာ ဘယ်မလဲ ဆပ်ပြာ"

————————

" ဝမ်ရိပေါ် မင်းပါပါး လောင်းကုတ်ကြီးက ဘယ်လိုလုပ် ဧည့်ခန်းထဲရောက်နေတာလဲ"

"အား ပြခန်းထဲမှာ အချိန်အကြာကြီးမတ်တပ်ရပ်လိုက်ရလို့လားမသိဘူး
ခြေထောက်တွေညောင်းလိုက်တာ
ဘာမှလည်းစိတ်ဝင်စားစရာမရှိပဲနဲ့ အလကားသပ်သပ်အချိန်ဖြုန်းနေတယ် "

"ရှောင်ရှောင်းကျန့် ရှောင်ရှောင်းကျန့်
ငါကပဲ မင်းကို ကြောက်ရတယ်ဖြစ်သေးတယ်"

"အိမ်မြန်မြန်ပြန်ရောက်ဖို့အရေး တက္ကစီငှားပြီး ပြန်ပြေးလာရတာ မုန့်ဖိုးထဲကတော့ ပဲ့ပါပြီ"

"ဒူးရင်းရေခဲမုန့်ကြောင့် အလျှော့ပေးလိုက်တယ် မှတ်"

————————

By Fair Means or Foul || Completed ||Where stories live. Discover now