"ငါ လီယိုနဲ့..... နေပါဦး ငါ့ဘာသာဘယ်သွားသွားပေါ့ မင်းကိစ္စလား"

"လီယိုနဲ့ဆို မသွားရဘူး
သွားချင်ရင် ငါနဲ့သွား"

"အောင်မယ် မင်းကဘာမို့လို့လဲ ငါ့ကိုအမိန့်ပေးနေရအောင်"

"ဘာနေနေ မသွားနဲ့ဆို မသွားနဲ့ကွာ"

"သွားမှာပဲ ငါနဲ့လီယိုနဲ့လျှောက်လည်ကြမလို့"

"ရှောင်းကျန့် ငါပြောနေတယ်နော်
မသွားရဘူး "

"နေပါဦး ရိပေါ်ရဲ့ အမြဲတမ်းအထက်စီးကနေ
ငါ့ကိုလိုက်လိုက်ပိတ်ပင်နေရအောင် မင်းကဘာကောင်မို့လို့လဲ"

"....."

"ငါကတော့ သွားမှာ သွားကိုသွားဦးမှာ"

"မင်း... မင်း... နေဦး ရှောင်းကျန့် မင်း
တွေ့မယ်"

ရိပေါ်က ရှူးရှူးရှားရှားနဲ့ ခြံစည်းရိုးနားကထွက်သွားသည်။ ရှောင်းကျန့် ခေါင်းကို အသာယမ်းလိုက်သည်။
ရိပေါ်က ခက်သည်။ ရှောင်းကျန့်ကိုဆို ငယ်ငယ်ကတည်းက အမြဲ လိုက်ပိတ်ပင်သည်။
ဟိုနေရာ မသွားရဘူး၊ဒီနေရာ မသွားရဘူးနဲ့ သူ့သားများမှတ်နေလားမသိဘူး ။
ရှောင်းကျန့် သူငယ်ချင်းထားတာကိုလည်း သူမကြိုက် ၊ အဆိုးဆုံးက လီယိုနဲ့တပူးပူး တွဲတွဲလုပ်နေလျှင် သူလုံးဝမကြိုက်ပေ။

တကယ်တော့ ရှောင်းကျန့်နဲ့လီယိုနဲ့ပေါင်းတာ
ခုမှမဟုတ် ။ ဟိုးငယ်ငယ်ကလေးကတည်းက
ပြောရရင် ရိပေါ်တို့မိသားစု ရှောင်းကျန့်တို့ဘေးအိမ်ကို မပြောင်းလာခင်ကတည်းက
လီယိုနဲ့ရှောင်းကျန့်က တစ်လမ်းထဲနေတဲ့ ကစားဖော်ကစားဖက် ။

လီယိုက ရှောင်းကျန့်ထက်နှစ်နှစ်ငယ်ပြီး ရိပေါ် နဲ့ရွယ်တူပင်။
ငယ်ငယ်ကတည်းက သူတို့နှစ်ယောက်က မတည့် ၊ ရိပေါ်က ရှောင်းကျန့်နဲ့လီယိုကစားနေပြီဆို အမြဲဝင်ဖျက်သည်။ အတူတူကစားရအောင်ခေါ်လည်း ဝင်မကစား ။
ရှောင်းအကိုကြီးကတော့ သူတို့နှစ်ယောက်ကြား အမြဲ ပဲလှော်ကြားဆားညှပ်သလို ညှပ်နေသည်။

ရှောင်းကျန့် ရေလောင်းပြီးလို့ ရေပိုက်ခေါင်း
ပိတ်နေတုန်း ခေါ်သံကြားလို့ လှည့်ကြည့်လိုက်သည်။

ရှောင်ချိန်တောင်မရလိုက်
ရေတွေက ခေါင်းပေါ်ကနေ မရပ်မနား ကျလာသည်။
မျက်နှာကိုလက်နဲ့အသာသပ်ကာ ကြည့်လိုက်တော့ ထင်သည့်အတိုင်းပင်၊ ရိပေါ်ရယ်ပါ။

ခြံစည်းရိုးလောက်မြင့်တဲ့ ခုံပေါ်ကနေ ရေပိုက်နဲ့ သူ့ကိုလှမ်းပက်ရင်း ကြည့်နေသည်။
ထုံးစံအတိုင်း ရှောင်းကျန့်ကို အနိုင်ကျင့်ရင်
ပြုံးတတ်တဲ့ မဲ့ပြုံးကြီးနဲ့ ။ ရှောင်းကျန့်သည်းမခံနိုင်တော့ပါ ။ အာခေါင်ကိုခြစ်၍ ကုန်းအော်ချလိုက်သည်။

"ဝမ်ရိပေါ် !!!"

————————

By Fair Means or Foul || Completed ||Where stories live. Discover now