Start from the beginning
 လှုပ်ယမ်းသွားပြီး အက်ဂါမှာ ပြာပုံအတွင်း ပြိုလဲကာမေ့မြောသွားတော့၏။
 ရှုရှုက သူ၏'အိပ်ခန်း'လေးထဲပုန်းနေသော်လည်း သူ၏အခြေအနေမှာကောင်းမွန်ပြီး ခေါင်းလေးပြူထွက်ကာ မြွေကြီးလုပ်သမျှကြည့်နေ၏။
 သူမေ့မြောနေစဥ်က မြွေကြီးကသူ့အား မစားခဲ့ရုံမျှမက ဂရုတစိုက်ပင် စောင့်ရှောက်ပေးခဲ့၏။ ထို့ကြောင့် ရှုရှုမှာ ​မြွေကြီးသူ့အားအန္တရာယ်မပေးကြောင်း ပို၍သိလာရ၏။
မြွေကြီးက ပြာများဖြင့် ကျားအရေခွံပေါ်ပွတ်တိုက်နေသည်ကိုမြင်တော့ ရှုရှုမှာ အနည်းငယ်ခေါင်းရှုပ်သွားရပြီး ချက်ချင်းပင် မြွေကြီးက ကျားအရေခွံအားသုံးရအောင် ပြုပြင်နေသည်ဟု ခန့်မှန်းမိလိုက်၏။
သြော်....အရေခွံတွေ ဒီလိုပြုပြင်ရတာပဲ...။ သူသာစောစောကသိခဲ့လျှင် ယုန်အရေခွံအားလွှင့်ပစ်လိုက်မည်မဟုတ်ပေ။
မြွေကြီးက....ဟင့်အင်း...သူ့ရဲ့အနာဂတ်တပည့်လေးက တကယ်ကို ဉာဏ်ကောင်းတာပဲ။ သူရဲ့တပည့်လောင်းလေးက အမဲလိုက်တတ်ရုံတင်မသေးဘူး ဆေးပင်လည်းခူးတတ်သေးတယ်။ အနာဂတ်မှာ မြွေကြီးသာလူဖြစ်ပြီး သူ့ဘေးနားရှိနေပေးလျှင် ရှုရှုသက်တောင့်သက်သာနေနိုင်ပေတော့မည်။
ယခုတော့ ကံမကောင်းစွာပင် သူ့တပည့်လောင်းလေးမှာ မြွေတစ်ကောင်ဖြစ်နေသေး၏။
 ရှုရှုက သက်ပြင်းချရင်း မြွေကြီးလုပ်သမျှကြည့်ကာ အရေခွံများကိုင်တွယ်ရပုံကို သင်ယူနေပြီး ရုတ်တရက်မြွေကြီးမေ့မြောသွားသည်ကို တွေ့လိုက်ရ၏။
 "ဟေးဟေး....မြွေကြီး...။ ခင်ဗျားအဆင်ပြေရဲ့လားးးး!!!!"
ရှုရှုက အချိန်အနည်းငယ်ကြာအောင်ခေါ်နေပါသော်လည်း မြွေကြီးက မေ့မြောကာ ပြန်လည်ဖြေကြားမလာခဲ့ပေ။
ရှုရှုက ကြောက်ရွံ့နေဆဲဖြစ်သော်လည်း သည်အတိုင်းဆက်ကြည့်မနေနိုင်ပေ။ သူက 'အိပ်ခန်း'လေးထဲမှထွက်ကာ မြွေကြီးအနားတိုးကပ်သွားလိုက်တော့ မြွေကြီးမှာ သူမျှော်လင့်ထားသည်ထက်ပင် အခြေအနေဆိုးဝါးနေကြောင်းတွေ့လိုက်ရ၏။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now