Start from the beginning
သားရဲတစ်ပိုင်းလူသားငယ်လေးမှာ ယခင်နေ့များက မေ့မြောထား၍ ယခုဆိုလျှင် အိပ်မောကျနေလောက်မည်ဟု သူတွေးထားမိခဲ့၏။ ထို့ကြောင့် သူကကျားအရေခွံအား အပြင်ဘက်တွင် ဆက်၍ပြုပြင်နေခဲ့၏။
 အက်ဂါက ဂူထဲဝင်ပြီးနောက် သားရဲတစ်ပိုင်းလူသားငယ်လေးမှာ အိပ်ပျော်မနေသည့်အပြင် သူ့ကြောင့်နောက်တစ်ကြိမ်ထပ်၍ လန့်ကာပြေးသွားပြန်သည်။
 သားရဲလူသားများက သားရဲတစ်ပိုင်းလူသားလေးများအား ဂရုတစိုက်ဆက်ဆံကြရသည်။ သို့သော် သူကတော့ သားရဲတစ်ပိုင်းလူသားငယ်လေးအား အကြိမ်ကြိမ်ကြောက်ရွံ့စေခဲ့၏။
သားရဲတစ်ပိုင်းလူသားငယ်လေးက သူအိပ်နေကျ ကျင်းလေးထဲ ဝင်ပုန်းနေ၍ အက်ဂါက ကျားအရေခွံကြီးအား ပါးစပ်ဖြင့်ကိုက်ရင်း ပြာအကြွင်းအကျန်များရှိသည့်မီးပုံဆီသို့ တိုးကပ်သွားလိုက်၏။
လွန်ခဲ့သည့်ရက်များက ထိုအကောင်ငယ်လေးမှာ ချမ်းနေသည့်ပုံဖြင့် မကျေမနပ်ရွတ်နေဖူး၏။ ထို့ကြောင့်အက်ဂါက ထင်းများများသုံးကာ မီးဖိုပေးထား၍ ပြာများကလည်း အပုံလိုက်ရှိနေ၏။ ယခုပြာများက အသုံးဝင်သွားလေပြီ။
ကျားအရေခွံအား ပြာပုံထဲထည့်ကာ အမြီးကိုသုံး၍ ပြာပုံအားမွှေပေးနေ၏။
ကျားအရေခွံပေါ်မှာ အမွှေးများအားပြုပြင်ဖို့ ဓာတုဆေးများတောထဲတွင်မရှိ၍ အက်ဂါက  ရိုးရှင်းသောမီးဖိုမှဆိုဒါပြာကိုသာ သုံးလိုက်၏။ အက်ဂါက ယခင်ရက်တွေထဲက ဤနည်းကိုစဥ်းစားမိခဲ့ပြီး အယ်ကာလီဓာတ်ပါသော အပင်များ၏ပြာက ဆိုဒါပြာဖြစ်သွားနိုင်၍ မီးရှို့ရမည့်ထင်းကိုပင်ရွေးချယ် စုဆောင်းခဲ့၏။
 ကျားအရေခွံကြီးအား ပြာဖြင့်လူးပြီးနောက် ပြာများအား အမြီးကြီးဖြင့်ပြန်ခါလိုက်၏။ ပွတ်လိုက်၊ခါလိုက်နှင့် အချိန်ကြာလာသည်နှင့်အမျှ အက်ဂါ၏အမြီးမှာ အားပင်မကျန်တော့ချေ။ ထို့အပြင် သူခေါင်းမူးလာသလိုလိုပင် ခံစားလိုက်ရ၏။
သူအပြင်းအထန်ဒဏ်ရာရပြီး ဆေးလိမ်းကာ တစ်ညတာကောင်းကောင်းအိပ်ခဲ့ရပြီး သူအနည်းငယ်သာ ပြန်ကောင်းလာခဲ့၏။ နောက်ပိုင်း အကောင်ငယ်လေးဖျားကာ မေ့မြောနေ၍ အက်ဂါမှာ သွားသွားလာလာနှင့် အလုပ်များခဲ့ရ၏။ ဤသုံးရက်အတွင်း မအိပ်ပဲ သားရဲတစ်ပိုင်းလူသားငယ်လေးအား စောင့်ရှောက်ပေးခဲ့ရ၍ သူမခံနိုင်တော့ပေ။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now