1

1.5K 14 0
                                    

မီးရောင်များမှာ တဖြက်ဖြက်လဲ့တောက်နေသည်။ မြူးကြွသော တေးတီးလုံးများမှာ ဆူညံနေ၏။ alcoholများနှင့် ပျံ့နှံ့နေသော club မှာ အနံ့များစုံကာသင်းနေသည်။ စင်ပေါ်မှ တင်ဆက်သူသည် ပွဲစရန်စကားစတော့သည်။

" အခုတော့ လေလံတင်ပွဲစပါတော့မယ်ဗျာ"

အားလုံးအသံတိတ်သွားကာ စင်ပေါ်သို့ကြည့်နေသည်။ တရားမဝင် လူလေလံတင်ပွဲဖြစ်သည်။ အဆမတန်စျေးကြီးပေးရသဖြင့် တော်ရုံလူများတော့ မဝယ်ကြပါ။ မီးများဖြောက်ခနဲ ပိတ်သွားကာ စင်ပေါ်သို့ ထွန်းပေးလေသည်။

" ပထမဦးဆုံး ကတော့ ဝေယံလင်း၊ အသက် ၂၄ ,အရပ် ၆ပေ ရှိပါတယ် စျေးကတော့ $10000 ကစပါမယ်။"

အချက်အလက်များအား ပြောပြနေသော တင်ဆက်သူအနားမှ ဖြတ်သွားကာ စင်၏အလယ်တွင်ရပ်ကာနေသည်။ အပေါ်အကျီမဝတ်ထားတာကြောင့် ရင်ပတ်မှကြွက်သားများမှာ တထစ်ထစ် သေသပ်စွာ။ ဆံပင်များမှာ ပွကာနွယ်ပြီး မျက်စိမနှိုက်လုလု။ ဖြောင့်စင်းအချိုးကျသောနှာတံ။ စင်းနေသော မျက်တောင်များမှာ လွှာချထားသည််။ တည်ကြည်နေသောမျက်နှာမှာ အပြုံးမဲ့။ ခံစားချက်မဲ့နေသောမျက်လုံးသေများနှင့် ဝေယံလင်း သည် ဆွဲဆောင်များပြည့်နေ၏။

"နောက်ထပ်ရှိသေးလား $56000 . နောက်မရှိတော့ရင် ဒီမှာပဲ- "

အရှေ့တန်းမှာ လက်တစ်စုံ၊

" $70000"
အရှေ့တန်းလိုင်း ထိုင်ခုံမှ လူတစ်ယောက်လက်ထောင်လိုက်သည်။ ဖြူဖွေးသေးသွယ်သော လက်ကောက်ဝတ်လေးမှာ မီးရောင်အောက်ထင်းနေသည်။

"နောက်မရှိတော့ဘူးဆိုရင် $70000 နဲ့ ပြတ်ပါပြီ။ အနိုင်ရရှိသွားတယ့် ဟေသဲ့ပိုင် ကိုဂုဏ်ပြုပါတယ်။"

ဒီလောကတွင် နာမည်ရပြီးသားဖြစ်တာကြောင့် တင်ဆက်သူကပင် နာမည်တန်းကြေငြာလိုက်သည်။
suit အဖြူလေးဝတ်ထားကာ စင်ပေါ်သို့တက်လာသော ဟေသံပိုင်သည် မိန်းကလေးတစ်ယောက်နီပါးကိုလှပနေသည်။ အသက်၂၀ ၀န်းကျင်လောက်သာရှိဦးမည်။အရပ်ရှည်ကာ သွယ်လျလှပနေသော ကိုယ်လုံးအချိုးအစားလေးမှာ ထိရက်စရာမရှိ။ နာမည်ကအစ မိန်းကလေးနာမည်နှင့် ခပ်ဆင်ဆင်။
သော့လေးတစ်ခုကို တင်ဆက်သူသည် ဟေသဲ့နိုင်၏လက်ထဲထည့်ပေးလိုက်သည်။ ထိုသော့သည် ဝေယံလင်း၏ လက်ထိပ်ခတ်ထားခြင်းကို ဖြုတ်နိုင်မည့် တစ်ခုတည်းသော သော့။ စင်ပေါ်မှဆင်းပြီး သူ့ မန်နေဂျာဖြစ်ပုံရသူကို လှမ်းပြောလိုက်သည်။

As U Wish, SirKde žijí příběhy. Začni objevovat