Part-17

1K 83 3
                                    

Zawgyi

~~ပန်းခရေပုံပြင်~~
အပိုင်း(၁၇)

"ဆရာမလေး.. ဆရာမလေး"

အမောတကာဖြင့်ပြေးဝင်လာသော ကိုဖိုးလူကြောင့် မြေဖြူတစ်ချောင်းနှင့်ကျောက်သင်းပုန်းပေါ် စာရေးနေသည့် သူမလက်လေးတွေရပ်တုန့်သွားရင်း

"ကိုဖိုးလူပါလား ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လို့လဲဟင်"

"အဘ... အဘ ကောင်း.."

"ဟင်... အဖေဘာဖြစ်လို့လဲ"

"အဘကောင်း.. အမောဖောက်ပြန်ပြီ ဆရာမလေးကို ကြီးတင်စိန်ခေါ်ခိုင်းလိုက်လို့ပါ အမြန်လိုက်လာခဲ့ပါတဲ့.."

ဖိုးလူစကားအဆုံး သူမလက်ထဲမှမြေဖြူလေး ပြုတ်ကျသွားတော့၏။ ဘာစကားမှမဆိုနိုင်အောင် ထိတ်လန့်သွားရင်း စိုးရိမ်တကြီးပင် အိမ်ကိုအပြေးတစ်ပိုင်း ပြေးထွက်လာလိုက်မိသည်။

ခပ်ယဲ့ယဲ့ဝါးထရံနှင့် ရွာ၏စာသင်ကျောင်းလေးကတော့ တိတ်ဆိတ်စွာကျန်ခဲ့လျက်။

ဆရာမမရှိတော့သည့်အခါ ဆယ်ယောက်ကျော်ကျော်လေးသာရှိသော ကလေးတွေကလည်း ခပ်နွမ်းနွမ်းအိတ်လေးကိုလွယ်လျှက် ပြန်ရုံမှလွဲ၍။

လေကာရုံလေးတည်ထားသည့် ဝါးထရံနှင့် ရွာကျောင်းလေးမှာ ဆရာမဆိုလို့သူမတစ်ဦးတည်းသာရှိသည်မဟုတ်လား။

ရွာဘုန်းကြီးကောင်းမူကြောင့် အတန်းပညာအသင့်အတင့်သင်ကြားခဲ့ရသည့်သူမကာ ဆရာတွေမလာချင်သည့် ဤဝေးလံခေါင်းပါးသော ကျေးရွာလေးက ကိုယ်ထူကိုယ်ထကျောင်းလေးမှာ စေတနာရှေ့တန်းတင်လျက် စာသင်ပေးခဲ့သည်။

အခကြေးငွေမယူဘဲ ကလေးများကို စာတတ်စေလိုသော ဆန္ဒသပ်သပ်ဖြင့် စေတနာအရင်းခံသည့် မနှောဖြူလွန်းသည့် ဆရာမလေးကာ ပန်းခရေ။

သူမကြောင့်သာမဟုတ်ပါက ရွာကကလေးတွေ စာတတ်ဖို့ မလွယ်ကူလှပါ။ သူမကိုယ်၌ကလည်း ရွာကိုချစ်တဲ့စိတ် ကလေးတွေရဲ့ဘဝကို ချစ်တဲ့စိတ်လေးဖြင့် အနစ်နာခံလျက် ရွာအကျိုးသယ်ပေးရသည်ကို အင်မတန်မှပျော်မွေ့နေခဲ့သည်။ သို့သော်....

"အဟွတ်...ဟွတ်..."

ဝါးထရံအိမ်လေးဆီမှ ဆီးကြိုနေသည့် ချောင်းဟန့်သံက သူမရင်ကိုဆစ်ခနဲ့နေအောင် နာကျင်စေပါသည်။

ပန်းခရေပုံပြင် (The Story of Star-Flower)Where stories live. Discover now