Part-10

1.3K 101 2
                                    

Zawgyi

~~ပန်းခရေပုံပြင်~~
အပိုင်း(၁၀)

နေရောင်ကမျက်နှာထက်ဝယ် အတော်စူးကျလာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ သူမလန့်နိုးလာတော့သည်။ နာရီကိုလှမ်းကြည့်တော့ မနက်(၁၀)နာရီပင် ထိုးတော့မည်။

ကားပေါ်ကပြုတ်ကျထားသည့်ဒဏ်ရာ အရှိန်ကနာကျင်လာသည်မို့ညက ဆေးသောက်အိပ်လိုက်ရသည်။ အိပ်ဆေးပါ၍ ဖြစ်မည်။ သူမအတော်လေးအိပ်ပျော်သွားခဲ့သည်။ ဒါကြောင့် အိပ်ယာထနောက်ကျသွားခဲ့သည် ထင်ပါရဲ့..

ဆူးအိပ်ယာမှ ကပျာကယာထလိုက်ပြီး အမြန်ရေမိုးချိုးလိုက်သည်။ ထို့နောက် ဝမ်းကဟာလာသဖြင့် အပြင်ထွက်လိုက်ပြီးမှ သူ့ကိုအမှတ်ရလိုက်မိ၏။

ညကဆေးရုံအနီး တည်းခိုခန်းတစ်ခုတွင် တစ်ယောက်တစ်ခန်းဌားပြီး တည်းခဲ့ကြသည်။ သူက ဆူးရဲ့အခန်းဘေးတွင်ပင် အခန်းယူလိုက်သည်။

သူအိပ်ယာထပြီးလား...မသိဘူး။

အတွေးဖြင့် အခန်းတံခါးခေါက်ရန်ပြင်ပြီးမှ ဝရန်တာတွင် ရိပ်ခနဲ့မြင်လိုက်သောအရိပ်တစ်ခုကြောင့် ဆူးလှမ်းကြည့်လိုက်သည်။ ဝရန်တာတွင် သူမကိုကျောပေးရပ်ကာ ဖုန်းပြောနေသည့် ရှိန်းစေကံ။

ဆူးမဆိုင်းမတွပင် သူရှိရာလျှောက်လာနေစဉ် ခပ်သဲ့သဲ့ကြားလိုက်ရသည်က သူ့ဆီကလွင့်ပါးလာသည့် စကားသံအချို့..

"မင်္ဂလာပွဲပျက်သွားတာ သေချာပြီလား.."

"..................." 

"ဂုဏ်သိက္ခာထိခိုက်ရပေမဲ့လည်းဗျာ.. ကျွန်တော်ကို ရွေးချယ်ခွင့်ရောပေးလို့လား ဒါကျွန်တော့်ဘဝတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စလေဗျာ"

ကြားလိုက်ရသည့်စကားများကြောင့် ဆူးတအံ့တသြဖြစ်ကာ ခြေလှမ်းလေးတွေ ရပ်တန့်သွားသည်။ တမင်မရည်ရွယ်ဘဲ သူ့စကားတွေကို သူမခိုးနားထောင်နေမိတော့သည်။

"ဘာဘဲဖြစ်ဖြစ် ကျွန်တော်သူ့ကိုလက်မထပ်နိုင်လို့ ဒီအထိတောင်ထွက်ပြေးလာခဲ့တာပါ ဘာအကြောင်းနဲ့မှ ကျွန်တော့်ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်ဘူး ဒီမင်္ဂလာကိစ္စကိုရှေ့မတိုးတော့ဘူး အပြီးဖျက်သိမ်းပေးမယ်လို့ကတိပေးမှ ကျွန်တော်ပြန်လာခဲ့မယ် ကျွန်တော့်ကိုလည်းလိုက်ရှာဖို့မကြိုးစားပါနဲ့တော့"

ပန်းခရေပုံပြင် (The Story of Star-Flower)Where stories live. Discover now