ကြာပန်းဒဏ္ဏာရီ

290 26 12
                                    

ကြာပန်းကို မချစ်တဲ့

​ကောင်​လေးတစ်​ယောက်

ကြာပန်းဖြစ်ဖို့ ကံကြမ္မာဖန်လာတယ်

အချစ်အတွက်ပဲဆိုပြီး

သူ့သဘာဝ​တွေကို ​မေ့လို့

ချစ်ရတဲ့ ​ရွှေနန်းအရှင် သ​ဘောကျတဲ့

ကြာပန်းတစ်ပွင့်ဖြစ်ဖို့ အစွမ်းကုန်

ကြိုးစားခဲ့တယ်...

အချစ်​တွေပဲ စစ်မှန်သွားသလား

နတ်သိကြား​တွေပဲ မစသလားမသိ​ပေမဲ့

​ကောင်​လေးက ကြာပန်းက​လေးဖြစ်လာတယ်

​​ရွှေနန်းအရှင်ရဲ့  ရင်နှစ်သည်းချာက​လေး

ဖြစ်လာတယ်...

သုံးနှစ်သုံးမိုးတိတိ

အချစ်​တွေနဲ့ ထုံမွှန်းခဲ့ပြီး​နောက်​တော့

ကံကြမ္မာမုန်တိုင်းက တိုက်ခတ်လာတယ်

ကြာပန်းက​လေးက သူ့အရှင်အတွက်

မိသားစုကို စွန့်လွှတ်ခဲ့တယ်...

အသက်ကိုပင် ပဓါနမထားခဲ့ဘူး...

​​စောင့်​နေမယ်လို့ ကတိ​တွေ​ထားခဲ့​ပေမဲ့

​သေမင်းက လာဆွဲ​ခေါ်တဲ့အခါ

ကြာပန်းက​လေး ပါသွားရှာတယ်...

​ရွှေနန်းအရှင်မှာ​တော့

​ဖြေမဆည်နိုင်ခြင်း​တွေ ရင်ဝယ်ပိုက်လို့

နတ်ရွာစံသည်အထိ ကြာပန်းက​လေးကို

တမ်းတ​နေခဲ့ရှာတာ...

ကြာပန်းက​လေးက ထိုက်တန်သူအတွက်

​ပေးဆပ်ခဲ့တာပါ...

သူ့ဆန္ဒ​လေးက

စုံမက်ရတဲ့ အရှင်

​ဘေးရန်အ​ပေါင်း ကင်း​ဝေးလို့

ဘုန်းတန်ခိုးထွန်း​တောက်​ရပါစေတဲ့...

သူ့ကိုလွမ်းပါလို့မပါဘူး

သူ့ကိုပဲ ချစ်ပါ သတိရပါလို့ မပါဘူး

သူ့ကို ချီးမြှင့်​မြှောက်စားပါလို့လည်း

မပါဘူး...

ကြာပန်း ဒဏ္ဏာရီWhere stories live. Discover now