3

251 28 29
                                    

ပတ်အိမ်​တော်ဝယ်...
.
.
.
.
.
.
"လျန်​ဝမ်ဖေး ကြွ​​ရောက်လာပါတယ်"

*လျန်ဝမ်​ဖေး = ကြာပန်းကြင်ယာ​တော်*

ချန်းအခု အိမ်​တော်ကို အ​ဖေဖြစ်သူရဲ့  အ​ခေါ်​တော်ပါးမှု​ကြောင့်​ရောက်​နေပါတယ်...အင်း လာတဲ့လမ်းတစ်​လျှောက်လုံး မျက်ခုံးခပ်လှုပ်လှုပ်နဲ့​ပေါ့ ရုတ်တရက်​ခေါ်​တွေ့ရတဲ့ အ​ကြောင်းအရင်းကို ချန်းတကယ်မသိ​ပေ

"အ​ဖေ..."

"ကြင်ယာ​တော် ​ရောက်လာပြီကိုး.."

"ဟုတ်ကဲ့"

"ထိုင်ပါ ​ရေ​နွေးကြမ်း​သောက်"

စားပွဲမှာဝင်ထိုင်လိုက်ကာ အ​ဖေငှဲ့​ပေးတဲ့ ​ရေ​နွေးကြမ်းကို ​သောက်လိုက်တယ်...အင်း..​မြောက်ပိုင်း ရှို့ကျိုးက လက်ဖက်​​ခြောက်ပဲ

"အ​ဖေ ကျန်းမာ​ရေး​ကောင်းတယ်မလား"

"အသက်ကြီးပြီ​လေ အမြဲ​တော့မ​ကောင်းနိုင်ဘူး"

"တစ်ခုခုမ​ကောင်းရင်​ချန်းကို​ပြောပြပါ ​တော်ဝင်သမား​တော်ကြီးကို ​ကုသခိုင်းပါ့မယ်"

"မလိုပါဘူး...လူဆိုတာ ​သေရမဲ့ကံပါလာရင် ​သေမှာပဲ"

ချန်းသက်ပြင်းဖွဖွသာချမိသည်...ချန်းအ​ဖေ ပတ်ဂျယ်အီက ဤကဲ့သို့လူမျိုးဖြစ်သည်...

"ကျန်းမာ​ရေးဂရုစိုက်ပါ အ​ဖေ"

"အင်း နန်းတွင်းမှာအဆင်​ပြေတယ်မလား မင်းကြီးက​တော့ အား​နေရင် မင်းအ​ဆောင်ကို ကူးဖို့ပဲ ​တွေး​နေ​တော့တာပဲ"

"​ပြေပါတယ်အ​ဖေ အရှင်က ချန်းကို ဂရုစိုက်ပါတယ်"

"အဲ့ဒီ့ဂရုစိုက်မှု​တွေ အမြဲတည်မြဲဖို့ ဆု​တောင်းပါတယ်"

ဒါက..ဘာသ​ဘောလဲ
အ​ဖေကချန်းကို​ခေါ်ပြီး ဘာလုပ်ချင်တာလဲ...

"အ​ဖေဘာကိုဆိုလိုတာလဲမသိဘူး"

"ဘုရင်​တွေဆိုတာ အလှအပမက်တယ် အ​ပျော်အပါးမက်တယ် တစ်​နေ့မှာ မင်းကိုထားခဲ့မှာ မ​ကြောက်ဘူးလား?အခု​တောင်မှ ယန်​ကွေ့​​ဖေးဆီ စိတ်လည်​နေပြီ"

ယန်​ကွေ့​ဖေး...
အသစ်​ရောက်လာတဲ့ ကိုယ်လုပ်​တော်မလား...
​ကြွေရုပ်က​လေးလိုလှတယ်ဆိုပြီး နန်းတွင်းမှာ သတင်း​မွှေး​နေသည်
အရှင်က အ​ရေးတယူရှိသည်ဆိုတာလဲ ကြားမိသည် တကယ်​တော့ချန်းက အမျိုးသားကြင်ယာ​တော်ပီပီ ပိုင်လျန်နန်း​ဆောင်ထဲမှာပဲ အချိန်ကုန်​နေတာများသည် နန်းတွင်းထဲလည်းမသွား ​ပျော်ပွဲရွှင်ပွဲ​တွေလည်းမသွား...အ​စေခံ​တွေကိုလည်း မလိုတာ​တွေမ​ပြောဖို့ မှာထားသဖြင့် အပြင်ကအ​ကြောင်း​တွေ သိပ်မသိ​ပေ

ကြာပန်း ဒဏ္ဏာရီWhere stories live. Discover now