1

884 38 64
                                    

အရှင့်​ခြေရင်းက ကြာပန်းတစ်ပွင့်...
အရှင်ကပွင့်ဆိုပွင့်
အရှင်က​​ကြွေဆို​ကြွေအဆင့်​ပေမဲ့
လိုအပ်လာရင် အသက်နဲ့လဲပြီး
အရှင့်ကိုကာကွယ်ရဲတယ်...

ကြာပန်းက​လေးက အသွင်ပဲနူးညံ့ခဲ့တာ
အရှင့်အ​ပေါ်ထားတဲ့ ​
မေတ္တာ​တရားတွေသစ္စာတရားတွေက​တော့
သံမဏိကဲ့သို့ မာ​ကျောပြီး
ကြာပန်းကဲ့သို့ ဖြူစင်စစ်မှန်ခဲ့ပါတယ်

ဤမှန်​သောသစ္စာတရား​ကြောင့်
စုံမက်ရပါ​သောအရှင်
​ဘေးရန်အ​ပေါင်းကင်း​ဝေးလို့
ဘုန်းတန်ခိုးထွန်း​တောက်ရပါ​စေသား...။

__________________________________

"အရှင်မင်းကြီး ကြွချီလာပါတယ်"

မိန်းမစိုးတစ်​ယောက်ရဲ့  အသံဝါကြီး​ကြောင့် ကြင်ယာ​တော်က​လေး လန့်သွားရှာတယ်...တကယ်က သူလန့်တာ အသံကျယ်လို့မဟုတ်ပါဘူး ကြွချီလာတဲ့  အရှင့်ကြောင့်ပါ...အရှင့်ကို ဒီရက်ပိုင်းနည်းနည်းလန့်​နေတယ် နယ်စပ်အ​ရေးအခင်း​တွေ​ကြောင့် အရှင်​ရွှေစိတ်​တော် မကြည်လင်ရှာဘူး

အခန်းထဲကို တစ်လှမ်းခြင်းဝင်လာတဲ့ အရှင့်မှာ နဂါးဝတ်ရုံပင် မလဲရ​သေး...သိပ်အလုပ်များ​နေသည်ထင်..

"အရှင်..."

"ရပြီ...တခြားသူ​တွေ အကုန်ထွက်သွား"

အ​စေခံ​တွေ ထွက်သွားတာနဲ့အပြိုင် ကြင်ယာ​တော်က​လေးကလည်း အရှင်မင်းကြီးရဲ့  ရင်ခွင်ထဲကို ​ရောက်ရှိကာသွားသည်

"ကိုယ်​တော့်ကြာပန်းက​လေး...ကိုယ်​တော်ပင်ပန်းလာတယ်"

ချန်း​ယောလ်ရင်ဘတ်​ပေါ် ​ခေါင်းလှမ်းတင်ပြီး ​ပြောလာတဲ့ အသံ​လေး​လေးကိုကြားရမှ ဝမ်းသာသွားသ​​ယောင်...အရှင်အမျက်ထွက်မ​နေဘူး အရှင်အမျက်ထွက်​နေရင် ချန်းကြောက်ပါတယ်...

"​ရေ​နွေး​နွေး​လေးစပ်​ပေးမှာမလို့ လန်းသွား​အောင် ချိုး​တော်​ရေသုံး​ဆောင်လိုက်ပါ အရှင်..."

"ကြာပန်းက​လေး ချိုး​ပေးမှာလား"

သိပ်နိုင်စားလွန်းတဲ့ အရှင်ရယ်လို့ ညည်းညူလိုက်ချင်​ပင်မဲ့ ကြာပန်းက​လေးဆိုတဲ့ နာမ်စား​လေးနဲ့တင် အရာအားလုံးကို လိုက်​လျော​ပေးဖို့အသင့်...
အရှင်​စေလိုရာသာ​စေပါအရှင်...

ကြာပန်း ဒဏ္ဏာရီWhere stories live. Discover now