Healing Love (27)

Start from the beginning
                                    

" ငယ်ငယ်...ကျောင်းမသွားခင် မနက်စာ စားရအောင် "

အခန်းဝကနေ ကိုကို လာခေါ်တာကြောင့် ကျောင်းသွားဖို့ ခပ်သွက်သွက်လေး ပြင်ဆင်ရ၏။ အစားတောင် သိပ်မစားနိုင်တဲ့ ကျွန်တော့်ကို အိမ်ကလူတွေ စိတ်ပူနေကြပြီ။

ထမင်းစားခန်းရောက်တော့ လူမစုံသေး။ မေမေက  ဖေဖေ အလုပ်သွားဖို့ ပြင်ပေးနေသည်ထင်ရသည်။ ကျွန်တော် ထမင်းစားခန်းထဲ ဝင်သွားတော့ မရီးက ထမင်းစားပွဲ ပြင်နေလျှက် ကိုကို့ အရိပ်အကဲလည်း ကြည့်ကာ

" ငယ်ငယ်.... ညက Chanyeol ဖုန်းဆက်တယ် "

ဖုန်းဆက်​လည်း ဘာမှ မထူးဘူးလို့ တွေးထားသည်မို့ ....

" ဟုတ် "

" ရန်ဖြစ်ထားကြတာလား "

" မ..မဟုတ်ပါဘူး မရီး "

" Chanyeol လေး သနားပါတယ် ငယ်ငယ်ရယ် ... စိတ်ဆိုးနေရင်လည်း စိတ်ကောက်ပြေလိုက်ပါ "

" ဟို...."

" အဟမ်း !! ထမင်းစားမယ် ငယ်ငယ် "

ထမင်းမစားသေးဘဲ စကားပြောနေတာကို ကိုကိုက မကြိုက်ဟန်၊ မရီးကလည်း ကြောက်ရသည်မို့ ဘာမှ ဆက်မပြောတော့။ ခဏနေတော့ လူစုံသည်မို့ မနက်စာစားကာ ကျောင်းသို့ ထွက်လာခဲ့သည်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဒီနေ့တော့ Chanyeol ကောင်လေး ကျောင်းသို့ လိုက်သွားမည်။ ဘာဖြစ်နေလဲ မသိရရင်တောင် အရိပ်ကလေးပဲဖြစ်ဖြစ်တော့ သူ သိပ်တွေ့ချင်၏။ ကောင်လေးက နေနိုင်ရင်တောင် သူကတော့ မနေ​နိုင်ပါ...

ကျောင်းရောက်တော့ စောနေသေးသည်။
ကောင်လေး အဆောင်ထဲ ဝင်သွားရင် မမှီလိုက်မှာစိုးလို့ သူ ခပ်စောစော လာရခြင်းဖြစ်၏။ အဆောင်နားက သစ်ပင်ရိပ်အောက်တစ်နေရာမှာ ကားရပ်ထားကာ နာရီတကြည့်ကြည့်နဲ့ စောင့်နေမိသည်။

နောက်ဆုံးတော့ သူ သိပ်တွေ့ချင်နေတဲ့ အရိပ်လေး...

အဝေးက လှမ်းကြည့်တာတောင် မျက်နှာလေး ချောင်ကျသွားလိုက်တာ ....

သို့သော် ကောင်လေးက သူ့ကားကို မှတ်မိပါသည်။ အဆောင်ထဲ မဝင်ခင် သူ့ကားကို အကြာကြီး လှမ်းကြည့်နေ၏ ။ မျက်နှာထား ခပ်တင်းတင်းလေးကြောင့် စိတ်ဆိုးနေမှန်းလည်း သိသာသည်။
နောက်ဆုံး သူ ကားထဲက ဆင်းလိုက်ချိန်အထိ ကောင်လေးက သူ့ဆီက အကြည့်မလွှဲ။

Healing LoveWhere stories live. Discover now