............................................................

Han Hyung မနက်​နြ်​သည်​မိမိ၏နန်းတက်​ပွဲ​နေ့...တစ်​နည်းဆိုလျှင်​ထိုလူသားအားမိမိအနားတွင်​​ခေါ်ထားနိုင်​မည့်​​နေ...။

မိမိ​သေချာမသိ​ပေ...မိမိအစကမုန်းတီး​နေ​သည့်​သူ...သို့​သော်​လည်း..တဖြည်းဖြည်းထိုလူ့အ​ပေါ်​ပြောင်းလဲလာသည့်​မိမိ၏ စိတ်​ခံစားချက်​တို့.....။ရေ​ရေရာရာမသိ​သော်​လည်း မိမိ​သေချာသိသည်​က ထိုလူသားအားမိမိအနားတွင်​​ခေါ်ထားရန်​...ဆုံးရှုံးရမည်​ဟူ​သောစိတ်​တို့သည်​မည်​သည်​​ကြောင့်​​ပေါ်လာမှန်းမသိ​သော်​လည်း..မိမိအမှန်​ကိုဆုံးရှုံးမခံနိုင်​​ပေ...။

အ​တွေးတို့ဖြင့်​ထိုညသည်​မိမိအိပ်​၍မ​ပျော်​နိုင်​​ချေ....။သို့​သော်​လည်း
မိမိမသိလိုက်​ခင်​တွင်​ပင်​ ​မှောင်​ကျသွားသည့်​အခန်းတို့....။

(ဖြစ်​တတ်​ပါတယ်​ ကျွန်​မလဲမအိပ်​ဘူးဆိုပြီး ​ဘေးနားဆင်​လာ​အော်​​တောင်​မနိုး​တဲ့​နေ့​တွေಥ_ಥ )

သို့​သော်​လည်းရင်​ဘတ်​မှစူး​အောင့်​လာမှုနှင့်​အတူ မိမိ​တွေ့ရသည်​က...မယ်​မယ်​၏တစ်​ဦးတည်း​သောလူယုံ..။

မယ်​မယ်​သည်​မိမိမသိ​စေရန်​ ထိုသူအားလျှို့ဝှက်​​ခေါ်​တွေ့တတ်​သည်​...။မိမိစုံစမ်းမှုအပြီးတွင်​​တော့ သိရသည်​ကမယ်​​တော်​၏တစ်​ဦးတည်း​သောလူယုံ....။

'ဟက်​..ဘုရင်​အဖြစ်​​တောင်​မဆက်​ခံရ​သေးဘူး..ချက်​ချင်းကိုလုပ်​ကြံဖို့စီစဉ်​​တော့တာပဲ..ဒါ​ပေမဲ့ဘယ်​လိုလုပ်​မလဲခင်​ဗျားလုပ်​မှာကလုံးဝ​နောက်​ကျသွားပြီ...´

သို့​သော်​လည်းမိမိအထင်​နှင့်​အမြင်​သည်​ခြားနားစွာ....
ထိုသူသည်​အမတ်​ချုပ်​ကြီး၏လူယုံတဲ့​လေ...ထို့​နောက်​မိမိ​တွေးမိသည်​က....

'မယ်​​တော်​ရဲ့ချစ်​ရသူဆိုတာက အမတ်​ချုပ်​ကြီးတဲ့လား??ကျုပ်​သိပ်​ကိုပိုင်​ဆိုင်​ချင်​တဲ့သူ​လေ...ကျုပ်​ပိုင်​ဆိုင်​ချင်​တဲ့သူအစတည်းကမယ်​မယ့်​အပိုင်​ဖြစ်​​နေခဲ့တာတဲ့လား..ဟားဟား..ဘယ်​​လောက်​ရယ်​စရာ​ကောင်းလိုက်​လဲ??_ခင်​ဗျားက​ရော ခင်​ဗျားချစ်​ရသူအတွက်​နဲ့ကျုပ်​ကိုသတ်​ချင်​​နေခဲ့တာတဲ့လား...ခင်​ဗျားရဲ့အကြံလုံးဝမဖြစ်​​စေရဘူး...ခင်​ဗျားကကျုပ်​အနားမှာပဲ​နေရမှာ_´

Devil System(U+Z)Donde viven las historias. Descúbrelo ahora