"Byeol အေးတယ်လေ အအေးမိမယ်... "

လှမ်းဆွဲလာတဲ့ လက်ဖဝါးကြီးကြီးကို အားနဲ့ ပြန်ဆွဲလိုက်တော့ ပါလာတဲ့ ကိုယ်ကြီးဟာ မိုးရေထဲသို့ ဖရိုဖရဲ...

"ဟားဟား...ဟားဟား...
ခစ်..ခစ်...ခစ်...."

လက်ညိုးထိုးကာ တဘောတကျရယ်မောနေတဲ့ ကောင်လေးကြောင့် ဆူရမယ့် စကားတွေ ပျောက်ရှကုန်ရတယ်... ပြီးနောက် ကိုယ်တိုင်ပါ အပျော်တွေ ကူးစက်ကာ ... မိုးရေထဲ ပတ်ပြေးနေမိကြတာ အပူအပင်မရှိတဲ့ ကလေးငယ်လေးတွေလို ပျော်ပျော်ပါးပါး အပူကင်းကင်း...

"အ..."

ရုတ်တရက် လဲကျသွားတဲ့ byeol ကြောင့် သူ့ဆီပြေးကြည့်မိတော့ သူက တခစ်ခစ်ရယ်ရင်း မြက်ခင်းပြင် ကုန်းလျောလေးက ကိုယ်ကို လှိမ့်ချနေတယ်... တကယ့်ကို ကလေးငယ်လေးလို...

"ဒီကိုလာခဲ့ Yeol..."

လက်ဆန့်တန်းကာ လှိမ့်ချနေရာကနေ ခေါ်လာတာကြောင့် ဘာမှ စဉ်းစားမနေတော့ပဲ သူ့နည်းတူ မြက်ခင်းပြင်တွေ ပေါ်ကနေ လှိမ့်ချမိတော့တယ်... ရယ်ရယ်မောမော ပျော်ပျော်ပါးပါး.... ပျော်ရွှင်မှုဆိုတာ ဒီလိုရူးနှမ်းနှမ်း သာမာန်ရိုးကျ အရာတွေပါလား...

မိုးသည်းနေတဲ့ နေ့လည်ခင်းလေးမှာ ကောင်လေးနှစ်ယောက်ရဲ့ ရယ်သံတွေကြောင့် မိုးမင်းကြီးတောင် သိမ်ငယ်သွားသယောင်...

ကြည်ပြာရောင် ခေါင်းလေးဟာ အမှိုက်စတို့နဲ့ ...
ဖြူ နုနု မျက်နှာပြင်လေးဟာ မိုးရေစတွေနဲ့အတူ မြက်ပင် လေးတွေပါ ကပ်ညှိနေပေမယ့် ..ရယ်မောနေတဲ့ မျက်ဝန်းတွေနဲ့ နှုတ်ခမ်းတွေ ကြောင့် မိုးသည်းသည်းနဲ့ မျက်နှာနုနုလေးဟာ ပန်းချီကား တစ်ချပ်လို အသက်ဝင်နေတယ်... ပေတူးတူး ကြောင်ချီးရုပ်လေးလို အသက်ဝင်လှပနေခဲ့တယ်...
အဲ့ဒီနေ့ကမိုးက ထူးထူးခြားခြား နွေးထွေးနေခဲ့တယ် ... ဝဲဘက် ရင်အုံရဲ့ အနက်ရှိုင်းဆုံး နေရာမှာ...

"Byeol... soul ရောက်ရင် Omma နဲ့ မိတ်ဆက်ပြီး ပြန်လက်ထပ်ကြရအောင်..."

"ဝဲ ?...."

"Byeol ရဲ့ တန်ဖိုးက သိပ်ကိုကြီးမားလွန်းလို့ ဒီအတိုင်း မပြီးလိုက်ချင်ဘူး..."

Byeol(complete)Where stories live. Discover now