ရှီ၀န်းဆူပုတ်ပုတ်နဲ့ပဲအ၀တ်အစားထည့်တဲ့ သေတ္တာကိုဖွင့်ပြီးတွေ့တ့ဲ၀တ်စုံတစ်ထည် ထုတ်လိုက်သည်။အခုမှတစ်ကယ်ခက်တော့တာ ဒီ၀တ်စုံတွေကိုဘယ်လို၀တ်ရမလဲရှီ၀န်းမသိ..

"အဟမ်း..!ဟို.ဂင်ဆယ်ဟိုရေ.. ခနလောက်လာပါဦး"

"သခင်လေး..ဘာများအလိုရှိ~~သ.သခင်လေး "

ဆယ်ဟိုအခန်းထဲ၀င်၀င်လာခြင်း‌ေတွ့လိုက်ရတဲ့ရှီ၀န်းရဲ့ပ‌ုံစံကြောင့် မှင်တက်သွားရသည်။
သေးသွယ်ဖြူ၀င်းသောခန္ဓာကိုယ်ပေါ်တွင်
အ၀တ်အစားဟူ၍အောက်ခံဘောင်းဘီပါး တစ်ထည်သာရှိသည်။နေရောင်ဖြာကျ နေသောကြောင့်ဘောင်းဘီအောက်ရှိ အောက်ပိုင်းအလှကအထင်းသား။သက်တော်စောင့်ဖြစ်လာတာအတော်ကြာခဲ့ပြီ
ဆိုပေမဲ့အရှက်အ‌ေကြာက်ကြီးလွန်း‌ေသာ သခင်လေးရှီ၀န်း‌ေကြာင့်တစ်ကြိမ်တစ်ခါ
တောင်ခန္ဓာကိုယ်အားမြင်ဖူးခဲ့ခြင်းမရှိခဲ့ပါ..
ယောင်္ကျားသားများတွင်ရှိအပ်သည့်ကြွက်သား အဖုအထစ်များမရှိသော်လည်း
ပါးလွသေးသွယ်သည့်ခန္ဓာကိုယ်ငယ်အား
ငေးကာ ဆယ်ဟိုတံတွေးပင်မျိုချမိသည်။

"ဆယ်ဟို..!ငါ့ကိုဒါလေးတွေ၀တ်ပေးလို့ရမလား
ငါဒါတွေမ၀တ်တတ်ဘူး.."

"ဗျာ.!သခင်လေး..မသင့်တော်ဘူးထင်"

"ဘာကိုမသင့်တော်တာလဲ..ယောင်္ကျားလေးချင်း အင်္ကျီ၀တ်ပေးတာပဲကို။လာပါ..မြန်မြန်လေး"

"ဟုတ်.ဟုတ်ကဲ့သခင်လေး"

ဆယ်ဟိုငြင်းမရမဲ့အဆုံးအနားကပ်သွားကာ ၀တ်ရုံတို့ကိုတစ်ထည်ချင်းသေချာ၀တ်ပေး လိုက်သည်။

"ပြီးပြီလား."

"အာ.သခင်လေး..နှဖူးစည်းကျန်သေးတယ်.."

"ဪ..ဟုတ်လား.စည်းပေးလေ"

ဆယ်ဟို ရှီ၀န်းရဲ့ရွှေဝါရောင်ဆံနွယ်တို့ကို အသာသပ်တင်ကာနှဖူးစည်းအားစည်းပေး လိုက်သည်။အရင်ကပုတုန်း‌ေရာင်ဆံနွယ် ရှည်တွေအစား ရွှေအိုရောင်ဆံပင်‌ေလး‌
ေတွက အစား၀င်ရောက်လာပေမဲ့ တစ်မျိုးလိုက်ဖက်နေသေးပြန်ရော။တစ်ခါမရှီ၀န်းနဲ့ဒီလောက် မနီးကပ်ဖူးတာမို့ ခံစားချက်ကြီးကတစ်မျိုးပင်။ကိုယ့်သခင်မို့ရှိန်နေတာများပင်လား..

My Royal Doctor(U+Z)Where stories live. Discover now