"ငါမင်းတို့သခင်လေးမဟုတ်ပဲတစ်ခြား
တစ်ယောက်ဆိုရင်ဘယ်လိုလုပ်မလဲ။ဒီဆံပင်တွေ..ကြည့်လေ.မင်းတို့သခင်လေးမှာ
ဒီလိုဆံပင်တွေရှိလို့လား"

"သခင်လေးတို့မိသားစုယုံကြည်တဲ့နတ်ဆရာ
မကြီးရှိပါတယ်..သူမ ပြောတာတော့ သခင်လေးကနတ်ရေကန်ထဲကျသွားခဲ့တာမို့ နတ်မင်းတွေကကောင်းချီးပေးတဲ့အနေနဲ့ အသစ်တဖန်ပြန်လည်မွေးဖွားပေးခဲ့တာ လို့ပြောပါတယ်.."

ဘယ်ကပေါက်ကရစကားပါလိမ့်..
ဒီလိုအခြေအမြစ်မရှိတဲ့စကားကိုလဲယုံကြ
တာပဲလား..ဒါပေမဲ့သူတို့ရဲ့တစ်ကယ့်သခင်လေး ချွဲရှီ၀န်းကရောဘယ်ရောက်သွားတာလဲ။

"ပြီးတော့သခင်လေးရဲ့ပုခုံးကအမှတ်လေး
ကတော့ တစ်ခြားတစ်ယောက်မှာ မရှိလောက်ပါဘူး.."

ပုခုံးထက်ရှိမွေးရာပါအညိုရောင်
အမှတ်သားလေး။ရှီ၀န်းကတော့ ကြည့်ရဆိုးတယ်ဆိုပြီးဖျက်ပစ်ဖို့လုပ်ခဲ့ပေမဲ့
ဂေဟာကမွေးစားအမေကအတင်းတားတာ
ကြောင့်မဖျက်ပဲထားထားချင်းပင်။

"အမှတ်..?အဲ့တာငါ့ရဲ့မွေးရာပါအမှတ်လေ မင်းတို့သခင်လေးဆီမှာလည်းရှိနေတာလား"

ရှီ၀န်းရဲ့မေးခွန်းတွေကိုဖြေရင်းစိတ်မကောင်း ဖြစ်လာသည့်မျက်နှာဖြင့်ဆယ်ဟို ဆက်မပြော တော့ပဲထွက်သွားဖို့လုပ်တော့သည်။

"ဟင်းးးသခင်လေးအနားယူပါတော့ အများကြီးမတွေးပါနဲ့.."

"အယ်..နေဦး.နေဦး..!ငါနဲ့ပါလာတဲ့ ပစ္စည်းတွေရော..ရှိလား."

"အာ..အဲ့ဒီထူးဆန်းတဲ့ပစ္စည်း‌ေတွလား သခင်ကြီးက နတ်ဆရာမကြီးဆီ ပေးအပ်ထားပါတယ်။"

"ဘာ..!!ငါ့ပစ္စည်းတွေကိုများ..လာမင်းလိုက်ပို့
အဲ့နတ်ဆရာမဆီငါ့ပစ္စည်းတွေဘာလို့ပေးလိုက်တာလဲ..!"

"သခင်လေး..အဲ့တာသခင်ကြီးပေးလိုက်.."

"တော်စမ်းပါ..!သူပေးချင်တိုင်းပေးရအောင် အဲ့တာသူ့ပစ္စည်းလား.။အခုချက်ချင်းလိုက်ပို့ငါ့ကို"

"ဒါဆို..အ၀တ်လဲလိုက်ပါဦး..ဟို‌ေသတ္တာထဲမှာအ၀တ်အစား‌ေတွပါ။ပြီးရင်ကျွန်တော်လိုက်ပို့ပါ့မယ်"

My Royal Doctor(U+Z)Where stories live. Discover now