ဝမ်ရိပေါ်ကတော့ တဇွန်းခတ်သောက်တယ်။ပြီးမျက်လုံးတွေဟာအရောင်လက်လို့ တဇွန်းပီးတဇွန်းသောက်တယ်။

"ရှောင်းကျန့်သောက်လေ"

"အင်းအင်း"

တဇွန်းလောက်ခတ်သောက်လိုက်တဲ့အချိန်မှာ အရမ်းကြီးအ၀င်မဆိုးပေမယ့် ဘာအရသာမှန်းကိုသေချာမသိဖူး။ဒီကြားထဲအစိမ်းအတောင့်ကြီးတွေကိုလိုက်ဖယ်နေရတာလည်း တမျိုး။

"မကြိုက်ရင် ကျွန်တော့်ထဲထည့်လိုက်"

"အမ်"

"အဲ့အတောင့်လေးတွေ ခင်ဗျားမကြိုက်ရင် ကျွန်တော့်ထဲထည့်"လို့

သူ့ပန်းထဲကအစိမ်းရောင်အတောင့်တွေကိုဝမ်ရိပေါ်ဟာ သူသောက်နေတဲ့ပန်းကန်ထဲယူ
ထည့်တယ်။ဒီအစားအစာဟာ ဒီနယ်မှာမရှိတဲ့ အခြားနယ်ကအစားအစာတခုဖြစ်နိုင်တယ်။ဆန်ပြုတ်နဲ့ပုံစံတူပေမယ့် ဆန်ပြုတ်အရသာမဟုဘူး။ပြီးတော့ဝမ်ရိပေါ်က အဲ့တာကိုတော်တော်ကြိုက်တယ်။

စားသောက်ပြီးစီးတဲ့အချိန်မှာ ၀မ်ရိပေါ်ဟာပိုက်ဆံရှင်းတယ်။ပြီးသူ့လက်ကိုဆွဲလို့ ပွဲဈေးလမ်းကိုဆက်လျှောက်တယ်။

မီးပုံလွှတ်ဖို့က တော်တော်လိုသေးတာကြောင့်ပွဲဈေးတလျှောက်မှာလူတွေကအပြည့်ပဲ။

"ရှောင်းကျန့် ပျော်လား"

"အမ်...အင်း ပျော်ပါတယ်"

ဝမ်ရိပေါ်ဟာသူ့ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြတယ်။ဝမ်ရိပေါ်ကအဲ့လိုပဲ သူနဲ့တူတူရှိနေတဲ့အချိန်တွေဆိုအကြောင်းအရင်းမရှိပဲ ခဏခဏပြုံးတယ်။

"ရှောင်းကျန့် ဟိုမှာကြည့်ချစ်စရာလေးတွေ"

ဝမ်ရိပေါ်ရဲ့ ဆွဲခေါ်မှု့ကြောင့် ဆံထုံးလေးတွေဘီးလေးတွေရောင်းတဲ့ဆိုင်ရှေ့မှာ အခုသူမတ်တပ်ရပ်နေရပြန်ပြီ။

ဆိုင်ရှင်အဘွားကတော့ခပ်နွမ်းနွမ်းလေး ပြုံးပီး စိတ်ရှည်စွာနဲ့ပစ္စည်းတွေကို ပြပေးသည်။ဆိုင်ဆိုပေမယ့် လမ်းဘေးလေးတင် ခုံလေးနဲ့တင်ရောင်းတဲ့ဆိုင်လေးဖြစ်သည်။ပင်ပန်းနေပုံရသည့် အဘွားကိုကြည့်ပြီး သူဂရုဏာသက်မိတယ်။

"ဧကရာဇ်ပြုံး၀င့်ကိုမင်းနဲ့အတူသောက်ချင်တယ်" [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Hikayelerin yaşadığı yer. Şimdi keşfedin