p5

2K 226 0
                                    

ညနေပိုင်းရုံးဆင်းချိန်တွင်
ဂျီမင်းရဲ့အမိန့်အတိုင်း ဂျောင်ကုဟာ
သူ့အိမ်သို့ကားမောင်းပြီးအထုတ်တွေယူဖို့ပြန်လာရသည်
ဂျီမင်းကိုယ်တိုင်လည်းလိုက်လာပြီး
ဂျောင်ကုအိမ်ရှေ့ရောက်သောအခါ
အိမ်ထဲကိုမလိုက်ပဲ
ကားပေါ်မှာပဲထိုင်စောင့်နေတော့သည်

"နင်အဲ့အိမ်မှာသွားနေရမယ်ပေါ့

"ဟုတ်တယ်အမေ

"ဒါဆိုအိမ်အသုံးစရိတ်ကရော

"ကျတော့် အမေ့ကိုပေးခဲ့မှာပါ
အိမ်အသုံးစရိတ်ပဲနော် အမေလောင့းကစားအတွက်
ပေးခဲ့တာမဟုတ်ဖူး

ဂျောင်ကုဟာ သူ့ဆီမှာသိမ်းထားတဲ့ပိုက်ဆံကို
အမေဖြစ်သူကိုပေးလိုက်သည်
ဂျောင်ကုအမေဟာ ပိုက်ဆံကိုကြည့်ပြီး
မနည်းဖူးဆိုသောမျက်နှာထားနှင့်
ကျေနပ်နေသည်
ဂျောင်ကု သူ့အသုံးဆောင်တွေထည့်နေတုန်း
အိမ်ရှေ့က ဂျီမင်းကားရပ်ထားတဲ့နေရာသို့
စပ်စုရန်ထွက်လာတော့သည်

"ကိုကို အိမ်ကိုမကြာမကြာပြန်လာနော်
အမေနဲ့ညီမလေးကိုဒီတိုင်းမလွတ်ထားပါနဲ့

"ကိုကိုအလုပ်အားရက်တိုင်းပြန်လာမှာပါ
အခုကလည်း အလုပ်ကိစ္စကြောင့်သွားနေရတာ
တစ်သတ်လုံးသွားနေတာမှမဟုတ်တာ
နော်

"ဟုတ်ကဲ့

မျက်နှာလေးညှိုးငယ်ကာ
သူ့ဘေးနားမှာထိုင်နေတဲ့ညီမဖြစ်သူလက်ထဲကို
ဂျောင်ကုဟာ ပိုက်ဆံအပ်လိုက်ပြီး

"သိမ်းထားနော် ညီမလေး
ဒီပိုက်ဆံတွေကိုအမေ့ကိုပေးမသုံးနဲ့
ညီမလေး ဘာသာသိမ်းထား
အိမ်အတွက်လိုတာတွေ ပြီးတော့ညီမလေး
လိုတာရှိရင် သုံးပေါ့

အချိန်မရွေးလည်းကိုကို့ ကိုphဆက်လို့ရတာပဲလေ နော်

"ဟုတ်ကဲ့ပါ

ဂျောင်ကုလည်း သူထွက်သွားမှာကိုစိတ်မကောင်းဖြစ်ပြီး
ငိုနေတဲ့ သူ့ညီမလေးကိုဖတ်ထားပေးပြီး
အားပေးနေတော့သည်

"ဝိုး ကားအကောင်းစားကြီးပဲ

ဂျောင်ကုအမေဟာ စပ်စုကာ
ကားမှန်အတွင်းသို့ချောင်းကြည့်ဖို့ပြင်နေချိန်မှာ
ဂျီမင်းက ကားမှန်ကိုအောက်သို့ချလိုက်တော့သည်

မေတ္တာသည်သာနွေးထွေးရာ 💝 (စ/ဆုံး)Where stories live. Discover now