Dessert 1 ~ 5 (Unicode)

4.1K 707 52
                                    

01

အလုပ်ဆင်း၍အိမ်ပြန်‌ရောက်သည့်အခါ ကျိရှောင်ပေက ချန်းကျိုအားပွေ့ဖက်ကာကြိုဆိုလိုက်သည်။ အလိုလိုက်ခံရသည့်ကလေးတစ်ယောက်လိုပြုမူနေ၏။ ထို့နောက် ကျိရှောင်ပေကချန်းကျိုကိုဆိုဖာဆီဆွဲခေါ်သွားကာ ကြွားကြွားဝင့်ဝင့်ဆိုလိုက်သည် "ချန်းကျိုရေ.. ကြည့်ပါအုံး! မြန်မြန်လေး!"

ခရင်မ်အရောင်ရှိသည့်ထိုဆိုဖာကို အရင်လကသူတို့နှစ်ဦး IKEAမှဝယ်လာခဲ့ခြင်းဖြစ်ပြီး ကျိရှောင်ပေကထိုအပေါ်ကိုမတော်တဆ စပျစ်သီး‌ဖျော်ရည်ဖိတ်ကျခဲ့သည်။ သူတို့အသည်းအသန်ဆေးကြောခဲ့သော်ငြား ထိုခေါင်းမာလှသည်အစွန်းအထင်းက ခရမ်းဖျော့ဖျော့စွဲထင်ရစ်သည်။

ကျိရှောင်ပေ ညွှန်ပြသောနေရာတွင်ခရမ်းရောင်လေးရှိနေသေးပြီး ချန်းကျိုလည်းသူဘာလိုဆိုလိုချင်မှန်းမမှန်းဆနိုင်ခဲ့။ ကျိရှောင်ပေက သူထံသန့်စင်ဆေးရည်တစ်ဘူးကမ်းပေးကာ "ကျွန်တော်ဒါနဲ့ဆိုဖာကို‌ပြောင်အောင်သုတ်ထားတယ်!"

ချန်းကျို အိမ်မှာထိုအရာမရှိသည်ကိုသတိရသွားပြီး "ဒါဘယ်ကရတာလဲ?" ဟုမေးလိုက်၏။

ကျိရှောင်ပေကဖြေလိုက်သည် "အိမ်တိုင်ရာရောက်အရောင်းသမားက လာပြီးကြော်ငြာတာလေ။ သူကပြောတယ် ဒါကဘက်စုံသုံးသန့်စင်ဆေးရည်တဲ့။ ကျွန်တော်တစ်နေ့ခင်းလုံးသုတ်နေတာဗျ၊ အခုအရမ်းသန့်သွားပြီမဟုတ်လား!"

ချန်းကျို ချက်ချင်းပင်သဘောပေါက်သွားသည်။ ဒါဟိုးအရင်ကာလ‌တွေကလို လိမ်လည်မှုတစ်မျိုးပဲ။ အရောင်းသမားက ပထမဆုံးမင်းကိုသူ့ရဲ့သန့်စင်ဆေးရည်ကို‌ပေးသုံးလိမ့်မယ်.. သေချာပေါက်ကောင်းကောင်းအလုပ်လုပ်တဲ့ဟာနဲ့‌ပေါ့။ ဒါ‌ပေမယ့် တကယ်တမ်း မင်းပိုက်ဆံပေးလိုက်ရတာကရေတွေဖြည့်ထားတဲ့ဟာကိုပင်။ ချန်းကျိုပြောနိုင်တာက အဲ့ဒီလူလိမ်ကသူတို့အိမ်ကိုလာချည်းကပ်မှတော့ ပထမအဆင့်ကိုကျော်လိုက်လို့ရသည်လေ...

သူ့ရဲ့ပေါင်ပေ့လေးက ဒီအပြင်လောကမှာရှိတဲ့လူဆိုးလူညစ်တွေအကြောင်းကိုမှမသိသေးတာ။

ချန်းကျိုအသံမာမာနဲ့ပြောလိုက်၏ "လက်ပေးစမ်း"

ကျိရှောင်ပေကချန်းကျိုမပျော်တာကိုသိသွားသည်။ တစ်အောင့်ကြာတော့ ဝိုးတိုးဝါးတားလေးပြန်ပြောလိုက်သည် "ဘာလို့လဲဟင်...."

Find My Bearings | ဘာသာပြန် [Main Story Completed]Where stories live. Discover now