1 (U)

7.1K 926 17
                                    

Translator: dounai
Editor: mantou

ဧည့်ခန်းထဲရှိ စားပွဲတင်နာရီမှ ဆယ့်တစ်ချက်တီးသည့်အခါ ကျိရှောင်ပေ ဆိုဖာပေါ်မှ တက်ကြွစွာခုန်ထပြီး အလျင်အမြန် မီးဖိုခန်းဆီဦးတည်လိုက်သည်။ ရေခဲသေတ္တာတံခါးကိုဖွင့်ပြီး ဒုတိယအဆင့်ကိုစမ်းကာ လက်ကိုဆန့်၍ အဝေးဆုံးမှာထားထားတဲ့ နွားနိုဘူးကိုယူလိုက်သည်။

ထိုဘူးမှာ အရင်တစ်ပတ်က သူ့ဒေါ်လေးဝယ်လာခဲ့တာပင်။ ဒီလိုလတ်ဆတ်တဲ့နွားနို့မျိုးက တစ်ပတ်လောက်သာအထားခံတာ​ဖြစ်ပြီး သူမသောက်ပဲ တမင်ချန်ထားတာဖြစ်၏။

ကျိရှောင်ပေနွားနို့ဘူးကို ထမင်းစားခန်းဆီယူလာပြီး ထိုင်လိုက်သည်။ ဘူးအပေါက်ကိုစမ်းရင်း ဖြဲဖွင့်ကာ နွားနို့အနည်းငယ်ကို ကြိုတင်ပြင်ထားတဲ့ဖန်ခွက်ထဲလောင်းထည့်လိုက်သည်။ ထို့နောက်ဖုန်းကိုထုတ်ကာ လက်ချောင်းဖြင့် စခရင်ကိုပွတ်ပြီး unlock လုပ်လိုက်သည်။ "Be Your Eyes ကိုဖွင့်ပါ"

သူ၏ voice command ကိုရပြီးနောက် ချက်ချင်းပင် ဖုန်းထဲတွင် မျက်လုံးပုံသင်္ကေတနှင့် App တစ်ခုပွင့်သွား၏ ၊ ကျိရှောင်ပေ အနည်းငယ်ချွေးစို့နေသောလက်ဖဝါးဖြင့် ဖုန်းကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ ဒီလိုမျိုး အပြန်အလှန်ဆက်သွယ်ခြင်းမှာ နှစ်လနီးပါးကြာပြီဖြစ်ပေမယ့် သူကတော့ ဖုန်းကိုကောက်ကိုင်လိုက်တိုင်း အလွန်အမင်းစိတ်လှုပ်ရှားဆဲပင်။ "အကူအညီယူဖို့အတွက်တောင်းဆိုပါတယ်"

"Close friend သို့မဟုတ် အပြင်လူများ ထံမှအကူအညီတောင်းရန် ရွေးချယ်နိုင်ပါတယ်" ဆော့ဖ်ဝဲမှာထည့်သွင်းထားတဲ့ အမျိုးသမီးလက်ထောက်၏ မေးမြန်းသံမှာ တစ်လုံးချင်းစီရှင်းလင်းပီသစွာထွက်လာ၏။

ကျိရှောင်ပေသူ၏ခြောက်သွေ့နေသောနှုတ်ခမ်းကို စေ့ပြီး ပြန်ဖြေလိုက်သည် "Close Friend ကို တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး cz2046 နဲ့ဆက်သွယ်ပေးပါ"

ဤဆော့ဖ်ဝဲလ်သည် မျက်မမြင်များအတွက် အကူအညီအထောက်အပံ့ပေးရန် အထူးသီးသန့်ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ အမြင်အာရုံချို့တဲ့သူများမှ  စာရင်းပေးသွင်းထားသော volunteer များထံမှ ဗီဒီယိုကောလ်မှတစ်ဆင့် အကူအညီတောင်းခံနိုင်သည်။

Find My Bearings | ဘာသာပြန် [Main Story Completed]Where stories live. Discover now