🌈အချပ်ပို(၁)🌈

3.6K 184 4
                                    


" ရဝိန် "

နာမည်ခေါ်သံကြောင့် မင်းရဝိန် အသံလာရာဘက်ကြည်လိုက်လျှင် လွန်ခဲ့သောနှစ်များက နိုင်ငံခြားထွက်သွားသော သူငယ်ချင်းဘရဏီဇော်ကို တွေ့လိုက်ရသည်။

" ဇော် ဘယ်တုန်းကပြန်ရောက်တာလဲ "

" တစ်လလောက်ရှိပြီး "

" သက်ပိုင်တို့နဲ့တွေ့ပြီးပြီးလား "

" ဟင့်အင်း ရဝိန်၊ နင်ခုထိတစ်ယောက်တည်းပဲလား။ အဖော်မပါဘူးလား "

" မဟုတ်တော့ဘူး "

ပြုံးရွှင်နေသော ရဝိန်မျက်နှာဘေးကြောင့်
ဘရဏီဇော် နောက်ကျသွားမှန်းရိပ်မိလိုက်၏။ ရဝိန်၏အချစ်ကိုရသော အမျိုးသမီးသည် တော်တော်ကံကောင်းမှာပင်။ အခုပြန်လာချိန်မှာနောက်ကျသွားပြီး။ မိမိအတွက် နေရာမရှိနိုင်တော့ဘူးဘဲ။ အရင်ကလည်း ရဝိန်ရင်ထဲ မိမိအတွက်နေရာမရှိခဲ့ပါ။ နောက်လည်း မရှိနိုင်မည်ပုံပင်။

...📱...(ဖုန်းသံ)..📱..

" Hello မေ "

"........"

" စိတ်ချ နောက်မကျစေရဘူး၊ တစ်ညထဲပဲ "

"............."

" စိတ်ချပါ၊ စောစောပြန်ခဲ့မယ် တာတာ့ "

ဖုန်းပြောနေသော ရဝိန်၏မျက်နှာကို တစ်ခဏကြည်၍ ဘရဏီဇော်ပြုံးမိသည်။ ရဝိန်သည် သူ့အမျိုးသမီးကို တော်တော်ချစ်ပုံရသည်။ နာမည်က "မေ" တဲ့လား ။အတိတ်မှ ရဝိန်၏ချစ်သူနာ မည်သည်လည်း "ခင်လေးမေ" ဖြစ်သည်ကို
အမှတ်ရမိပြန်သည်။ တိုင်ဆိုင်မှုတွေသည် များလိုက်လေခြင်း။

ရဝိန်ဖုန်းပြောပြီးချိန်၌ သူငယ်ချင်းဖြစ်သူကို
မတွေ့ရတော့။ ထို့ကြောင့် ရဝိန်သူငယ်ချင်းများ
နှင့်ပျော်ပါးရန် ချိန်းဆိုထားသော super star KTV သို့သာ ချီတတ်ခဲ့လိုက်သည်။

" သောက်လေ၊ ဘာလဲ... အိမ်က ယောကျာ်းကိုကြောက်လို့လား "

" ကြောက်စရာလား၊ ဟေ့ကောင် ဘာရယ် (ရီ) တာလဲ "

" မင်းခန္ဓာကိုယ်ကြီးမှ အားမနာ၊ အဖြေရပြီးနောက်နေ့မနက်ဖျားသွားတယ်လား၊ ဟားဟားဟား...ငါမရယ်(ရီ)ဘူးနော်၊ ဟားဟားဟား... ယောကျာ်းကြောက် "

မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။Where stories live. Discover now