🌈၁၂🌈

4K 299 3
                                    


မင်းရဝိန်သည် Queen စိန်တိုက်ပိုင်ရှင် ဒေါ်ပျိုမဒီ ၏ယောကျာ်းဖြစ်သူ ဦးမျိုးမင်းနှင့်ရသည့် တစ်ဦးတည်းသော သားဖြစ်သည်။ ဦးမျိုးမင်းသည်လည်း ဆန်စက်၊ ဆီစက်၊ ဆောက်လုပ်ရေးပစ္စည်းဆိုင်ကြီးများစွာ ပိုင်ဆိုင်ထားသည်။
ထိုကဲ့သို့ ပိုက်ဆံရှိအသိုင်းဝိုင်းမှ မင်းရဝိန်သည်လည်း ကုမ္ပဏီငယ်တစ်ခုကိုကိုယ်စွမ်းကိုယ်စဖြင့် မိဘများ၏အကူညီမပါဘဲ တည်ထောင်ထားသေးသည်။ အရာရာပြည့်စုံသည်ဟုပင် ဆိုနိုင်သူ မင်းရဝိန်သည် အချစ်အတွက် ကြက်မောက်ပင်ခြေရင်းတွင် မြက်နှုတ်နေရလေသည်။

" ဟေ့ မြက်နှုတ်ခိုင်းတာ တွေးငေးမနေနဲ့လေ၊
မြန်မြန်နှုတ် "

" နှုတ်နေတယ်လေ၊ မတွေ့ဘူးလား "

အမိန့်တွေဇွတ်ပေးသော ကိဝီကို သိပ်မကြည်၍ ကြည့်မရသည့်အထိ ဖြစ်ရသည်။ ရဝိန်အတွက် ချစ်သည်က သက်သက်၊ ကြည်မရသည်က သက်သက်ဖြစ်သည်။ စိုက်ပျိုးခြံမှာလိုက်နေဖြစ်သည့်အချိန်မှစ၍ ရဝိန်သည် ကိဝီကိုကြည်မရလောက်အောင် ပိုချစ်လာမိသည်။

" ရဝိန်လား "

သက်ပိုင် ကြက်မောက်ပင်များအောက် မြက်နှုတ်နေသော အလုပ်သမားသည် သူငယ်ချင်းရဝိန်နှင့် တူသလို့ရှိ၍ နာမည်ခေါ် ကြည်လိုက်သည်။
နာမည်ခေါ်သံကြောင့် ကြည်လိုက်လျှင် သက်ပိုင်
ကို အမှတ်မထင်တွေ့လိုက်ရလေသည်။

" သက်ပိုင် ဘယ်လိုရောက်လာတာလဲ "

" ငါမေးရမှာလေ၊ မင်းကဒီမှာဘာလုပ်နေတာလဲ "

" ငါအလုပ်လုပ်နေတာလေ "

ပိုက်ဆံရှိ သူဋ္ဌေးသားရဝိန်ကို စိုက်ပျိုးရေးခြံ၌ အလုပ်သမားအဖြစ်တွေ့လိုက်ရ၍ သက်ပိုင်
အံ့သြရသည်။

" သက်ပိုင်လာတော့လေ၊ ဘာရပ်လုပ် လုပ် "

" မ ! "

" ရဝိန် ! "

အနားထိလာ၍ သက်ပိုင်ကိုလာခေါ်​သော သူဇာဝေနှင့် မင်းရဝိန်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည်ပြီး နာမည်အချင်းချင်းခေါ်နေကြပြန်၍ သက်ပိုင် နောက်တစ်ခါအံ့သြရပြန်သည်။

သက်ပိုင်ကို သွားလိုက်ခေါ်သူ မဝေ ပြန်မရောက် လာ၍ ကိဝီလိုက်ခေါ်ရာ ရဝိန်နှင့် အတူရှိကြသည်ကို တွေ့လိုက်ရသည်။

" သိကြလို့လား "

" သိတယ်×2 မသိဘူး "

ကိဝီအမေးကို သုံးယောက်လုံးပြိုင်တူဖြေလာ၏ ။ သို့သော် နှစ်ယောက်ကသိသည် ဟုဖြေ၍ ရဝိန်ကမသိဘူး ဟုဖြေလာသည်။

ကိဝီ၏သစ်အိမ်လေးထက်မှာ ကိဝီအပါဝင် လူ့ငါးယောက်သည် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ တစ်ယောက်သည် ခေါင်း၌ ဖြူသော ပတ်တီးနေရာယူထားသည်။ တစ်ယောက်သည် ညိုသောအသားရောင်ကို ပိုင်ဆိုင်ထားသည်။ တစ်ယောက်သည် ချစ်စရာအသွင်ရှိသည်။ တစ်ယောက်သည် ရှည်သော ဆံပင်ရှိသည်။ တစ်ယောက်သည် လှသောမျက်နှာနှင့် အကြည်စူးစူးတို့ဖြင့် မျက်နှာချင်းဆိုင်မှ အညိုဆင်ကို စိုက်ကြည်နေလေသည်။

" ဘယ်လို့စတွေ့တာလဲ ဝက်ကလေး "

ခေါင်းထက် ပတ်တီးအဖြူနှင့် စိုးသက်နောင် သည် စကားဝိုင်းကို အစဖော်ပေးလိုက်သည်။

" ရဝိန်မြက်နှုတ်နေတုန်းတွေ့တာ၊ ပြီးမှ မဝေနှင့် တွေ့တယ်၊ နောက်ဆုံး ကိဝီရောက်လာတယ်၊ ဒါပေမယ့် ရဝိန်ကအလုပ်ရှိသားနဲ့ကိုး။ ဘာလို့
ကိဝီခြံမှာအလုပ်လာလုပ်နေတာလဲ "

" မဝေ ရဝိန်နဲ့ သိတာလား "

ကိဝီသိချင်နေသော အမေးကိုသာ ဦးစားပေး မေးလိုက်သည်။

" သိတယ်၊ ကိဝီကိုပြောပြဖူးတဲ့ မဝေရည်းစား​ ဟောင်းလေ "

" မင်းဘာလို့ မသိဘူးငြင်းတာလဲ "

ရဝိန်ဘက်လှည့်၍ ကိဝီမေးလာလျှင် ချက်ချင်း စိတ်ကျေနပ်​ဖွယ်အဖြေအား ပေးနိုင်ရန် စကားရှာရသည်။

" မဟုတ် ငါရှင်းပြမယ်၊ ကိဝီ ငါ "

စကားရပ်လိုက်သော ရဝိန်ကိုဆက်ပြောရန် ကိဝီ မေးထိုးပြပြီး ကြည်နေလိုက်သည်။

" ငါက ငါ "

" ဆက်ပြောလေ၊ နားထောင်နေတယ် "

" ငါ ငါ ဗိုက်ဆာတယ် "

ရည်းစားဟောင်းရှိနေ၍ ပြောစရာစကားတောင် ရှာမရဖြစ်နေသည့်ရဝိန်ကို ကိဝီကြည်မရ ဖြစ်ရသည်။ ရဝိန်က ရည်းစား​ဟောင်းကို သံယောဇဥ်လက်ကျန်ရှိနေသေးတာလား။

" မင်းငါကို ချစ်လား "

" ချစ်တယ် "

ချက်ချင်းတုံ့ပြန်လာသောအဖြေကြောင့် ကိဝီကျေနပ်မိသည်။

စိုးသက်နောင်၊ သက်ပိုင်နှင့် မဝေတို့သုံးယောက် လုံးပြောင်းလဲသွားသော အခြေနေကြောင့် မျက်ခုံးပင့်သူပင့်၊ မျက်လုံးပြူးသူပြူး ဖြစ်သွား ရသည်။ ထိုအချိန်၌ ကိဝီသည် ပြတ်သားသော လေသံဖြင့် စကားတစ်ခွန်းကို ထပ်ပြောလာသည်။

" ငါလည်းချစ်တယ် မောင် "

မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။Where stories live. Discover now