🌈၁၁🌈

4.4K 301 1
                                    


မင်းရဝိန်တစ်ယောက် ကိဝီ၏ခြံရှေ့၌ ရောက်နေခြင်းပင်။ ကိဝီသည် စိုက်ပျိုးခြံအတွင်း၌သာ နေထိုင်သည်ကို ရဝိန်သိပြီးပြီးဖြစ်သည်။ ခြံတံ ခါးသည်လည်း သော့ခတ်မထား။ ထို့ကြောင့်
အသာတွန်းဖွင့်၍ ရဝိန်ဝင်ခဲ့လိုက်သည်။ ဒူးရင်း ပင်တစ်ပင်အောက်အရောက်တွင် ကိဝီ၏အသံကို ကြားလိုက်ရသည်။

" အောက်ကလူ အောက်ကလူ ဖယ် ဖယ် ဝုန်း... အား..."

ကိဝီ ဒူးရင်းပင်ပေါ် မှ အမြန်ဆင်းပြီး အသီးဖြင့်
အဖိခံလိုက်ရသူကို လှမ်းကူထူလိုက်သည်။ မျက် နှာကို​တွေ့လိုက်ချိန်မှာ မထင်မှတ်ထားသူ ဖြစ်နေပြန်သည်။

" ရဝိန် ! မင်းရဝိန် ဘာလို့ရောက်လာ "

ကျောဘက်မှခြစ်ရာ အများအပြားရသွား​သော ရဝိန်ကို ​ဆေးလိမ်းပေးနေရာမှ အားနာစိတ်ဝင်ရသည်။ သို့သော်လည်း အသံမပေးဘဲ သူ့များခြံထဲဝင်မှတော့ ဒီလောက်ထိတာတောင် နည်းသေး ၏။ ခေါင်းထိမသွား၍ တော်သေးသည်ဟု ဆိုရမည်။ အသီးပင်များအောက် ရဝိန်ကိုထားခဲ့၍
ကိဝီရေခဲသေတ္တာထဲမှ အချိုရည်တစ်ဗူးသွားယူပေးလိုက်သည်။

" ရော၊ ငါမှာ ဒါပဲရှိတယ်၊ မင်းသောက်မလား "

" ပေး "

" မင်းငါခြံထဲ ဘာလာလုပ်တာလဲ "

" မင်းဆီလာတာ၊ ငါ မင်းကို ချစ်တယ် "

အဆုံးအစမရှိသောစကားကို ဆိုလာသည် ရဝိန် အား ကိဝီသေချာကြည်လိုက်လျှင် ဒင်းကအညိုဆင် handsome type ဖြစ်ပေသည်။

" ဘာပြောလိုက်တာ၊ ရှင်းရှင်လင်းလင်းပြန်ပြော ရဝိန် "

" ငါ ရဝိန်က မင်း ကိဝီကို ချစ်တယ်လို့ ရပြီးလား "

" မောင်မဲရေ... မောင်မဲ "

" ဟာ... "

ရင်ထဲ ပျော်မိ၏။ ဘယ်လိုတောင်လဲ။ ချက်ချင်း လိုက်ခဲ့တော့မလို့များလား။ အလုပ်သမားလေးကို ခြံအပ်ထားခဲ့မည်ထင်၏။ ရဝိန်မျက်နှာထက် အပြုံးပန်းဆင်ပြီး စောင့်နေလိုက်သည်။

ကိဝီ ရှေ့ကပြုံးတုံးတုံးလုပ်နေသော ရဝိန်ကို ကြည်၍ ဘယ်အချိန်ထိဆက်ပြုံးနေနိုင်မလဲဟူသောအပြုံးဖြင့် ပြန်ကြည်လိုက်သည်။ ရဝိန် မှာတော့ ကိဝီပြုံးပြနေသည်ကို သဘောအကျကြီးကျနေပေသည်။

မောင့်ကိုချစ်ဖို့ မွေးဖွားလာပါသည်။Where stories live. Discover now