SAUDADE - 30 [Z×U]

691 82 16
                                    

"Ravi အခြေအနေ ဘယ်လိုရှိလဲ "

"သြော် အင်းပါ ကျေးဇူးပဲ "

၆ လတောင် ကြာခဲ့ပြီဆိုပေမယ့် KyungSoo ရဲ့ သတင်းကို အစအနလေးတောင်မကြားရတာကြောင့် JongIn တကယ်ကို စိတ်ဓာတ်ကျနေပြီပင်။
သူတကယ်ပဲ Hyung ကို လက်လွှတ်လိုက်ရတော့မှာလား~

ဒီအတောအတွင်း KyungSoo ကို ရှာဖို့ပဲ လုပ်နေရတာကြောင့် အိပ်ရေးမမှန်သလို ၊ အစားလည်းမမှန်ပေ။ ကုမ္ပဏီက အလုပ်တွေကိုတော့ အတတ်နိုင်ဆုံး မလစ်လပ်အောင်လို့လုပ်နေပေမယ့် နားချိန်ဟူ၍မရှိတာကြောင့် weight တောင် ၁၀ ပေါင်ထိ ထိုးကျသွားလို့ Ravi က ဂရုတစိုက်နဲ့ ထမင်းနပ်မှန်အောင် ကျွေးနေရသည့်အဖြစ်ကိုရောက်နေပြီပင်။

Moonkyu နဲ့  Taemin ကတော့ နိုင်ငံခြားမှာ ရောက်နေတာဖြစ်လို့ သူ့ကိုဂရုမစိုက်နိုင်ပေမယ့် ဖုန်းခေါ်ပြီးတော့ အားပေးရှာပါတယ်။

ဒီနေ့လည်း လုပ်စရာရှိတာတွေကို အမြန်လက်စသတ်ပြီး အလုပ်ဆင်းလိုက်သည်။ ပြီးတော့ ထုံးစံအတိုင်း တစ်နေရာကိုသွားဖို့ သူဦးတည်လိုက်သည်။ ထိုနေရာကတော့ အရင်က KyungSoo နေခဲ့တဲ့ အိမ်လေးပင်။

ဒီ ၆ လအတွင်း JongIn ဟာ ဒီနေရာကို မပျက်မကွက်လာတတ်သည်။ အကြောင်းရင်းကတော့ KyungSoo သွားစရာနေရာ မရှိတော့လို့ ဒီကိုပြန်လာလို့ပြန်လာငြားဆိုတဲ့ စိတ်လေးကြောင့်။

ကားပေါ်ကနေပဲ KyungSoo ရဲ့ အိမ်လေးရှိရာ လမ်းထဲကို သူ လှမ်းကြည့်နေမိသည်။ ၁ နာရီနီးပါးမျှစောင့်နေပေမယ့် ဘာအရိပ်အယောင်မှမမြင်ရ။
ဲဒီနေ့လည်း သူ မလာခဲ့ပြန်ဘူး။

JongIn စိတ်အားပျက်စွာနဲ့ စတီယာတိုင် ခေါင်းမှောက်လိုက်ပြီးတော့ မျက်ဝန်းတွေကိုမှိတ်ချလိုက်သည်။ အိပ်ရေးပျက်တာများနေပြီဖြစ်တာကြောင့် သူ့ရဲ့မျက်ဝန်းတွေဟာလည်း ကျိန်းစက်လှပြီပင်။ ခဏကြာတော့ သူတောင်မသိလိုက်ခင်မှာပဲ ထိုပုံစံလေးအတိုင်း အိပ်ပျော်သွားခဲ့သည်၊

JongIn နိုးလာခဲ့တော့ ညနေတောင်စောင်းနေပြီ။ သူ အကြာကြီး အိပ်ပျော်သွားခဲ့တာပဲ။
သက်တောင့်သက်သာမဖြစ်တဲ့အနေအထားနဲ့ အိပ်ခဲ့တာကြောင့် လက်တွေရော ၊ ခြေထောက်တွေပါ ကျဉ်နေလေပြီ။ အဲ့တာကြောင့် အနည်းငယ် အညောင်းပြေစေရန်အတွက် အပြင်ခဏထွက်ပြီး လမ်းလျှောက်နေလိုက်သည်။

Saudade [Z×U] CompleteWhere stories live. Discover now