နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ KyungSoo ကို JongIn တစိမ့်စိမ့်ကြည့်နေမိသည်။
မျက်တောင်ခတ်လိုက်ရုံနဲ့တင် KyungSoo ဟာ ပျောက်ကွယ်သွားနိုင်သည့်အလား ထင်မှတ်ရလောက်အောင်ကို အမြတ်တနိုးဖြင့်ကြည့်ကာနေနေ၏။တစိမ့်စိမ့်ကြည့်ရင်းကနေ မနေနိုင်စွာဖြင့် နဖူးပေါ်အနမ်းလေးတစ်ပွင့်ခြွေလိုက်တော့ မျက်နှာလေးဟာ ပြုံးယောင်သမ်းလာ၏။
"ဘာလဲ နိုးနေတာလား ... နိုးရဲ့သားနဲ့ တမင်မထတာလား "
JongIn က KyungSoo ရဲ့ ဆံပင်တွေကို လက်ချောင်းလေးတွေနဲ့ ဆွဲဖွရင်းမေးလိုက်တော့ ချက်ချင်းပဲ မျက်လုံးပွင့်လာပြီး ရီပြလေသည်။
"ဟီး ... ငါနိုးနေတာကြာပြီ။ JongIn ကို စချင်လို့ တမင်အိပ်ချင်ယောင်ဆောင်နေတာ"
မျက်လုံးလေးတွေမှိတ် ၊ အသည်းပုံနှုတ်ခမ်းလေး ပေါ်လာသည်အထိ ပြုံးနေတဲ့ KyungSoo ရဲ့ ပုံစံလေးဟာ ကလေးလေးတစ်ယောက်လိုပင်။
"ဒီနေ့ ဆေးရုံသွားရမယ် "
"ဟင် ဘာလို့လဲ ... ငါနေကောင်းပါတယ် JongIn ရဲ့ "
"မျက်စိသွားပြမယ်လေ ... Hyung က မျိုးရိုးလိုက်တာမဟုတ်ပဲ ဒဏ်ရာကြောင့် ဖြစ်သွားတာဆိုတော့ ပြန်စစ်ကြည့်မယ်လေ ၊ စနစ်တကျကုသမှုခံယူရင် နည်းနည်းလေးတော့မြင်နိုင်မလားလို့"
KyungSoo ချက်ချင်းပဲ အိပ်နေရာကနေ ထလာပြီးတော့ JongIn ကို မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေမိသည်။ ပြီးတော့ မျက်လွှာချကာ တစ်ခုခုကိုစဉ်းစားနေလေ၏။
"သွားကြမယ်နော်. .. ကျွန်တော့်ကို ချစ်တယ်မလား "
JongIn က KyungSoo မေးဖျားလေးကို အသာလေးဆွဲယူကာ မော့စေလိုက်ပြီး ပါးပြင်နှစ်ဖက်ကို လက်ဖဝါးလေးဖြင့်အုပ်မိုးကိုင်ကာ အညင်သာဆုံးပြောလိုက်၏။
"အင်း သွားမယ်လေ "
KyungSoo ရဲ့အဖြေကိုကြားတော့ သူပြုံးလိုက်ပြီး နဖူးလေးကိုနမ်းလိုက်သည်။
"ကျွန်တော်အောက်မှာ မနက်စာစားဖို့စောင့်နေမယ် ... Hyung က ပြင်ဆင်ပြီး ဆင်းလာလိုက်နော် "
"အင်း ... ငါပြင်ဆင်ပြီးတာနဲ့လာခဲ့မယ် "
×××
YOU ARE READING
Saudade [Z×U] Complete
Fanfictionမင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူးဆိုတာကို အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါရဲ့... မင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူးဆိုတာကို အကြိမ်ပေါင်းများစွာပြောခဲ့ဖူးပါရဲ့...