Episode 25

3K 242 23
                                    

Zawgi;
ညမီးအိမ်ရဲ့အလင်းရောင်အပြင် မည်သည့်အလင်းရောင်တစ်စိုးတစ်စိမှမရှိသောကြောင့် မီးရောင်မှိန်မှိန်သာရှိသော ရင်းနှီးနေတဲ့အခန်းတစ်ခုတွင် နွေးထွေးနေသယောင်ရှိသော ကုတင်ထက်၌ လူတစ်ယောက် ထိခိုက်ဒဏ်ရာတစ်ချို့နဲ့အတူ မေ့မြောနေသည့်အပြင် နောက်ထပ်လူတစ်ယောက်ကတော့ စိုးရိမ်ပူပန်ခြင်းများစွာနှင့်အတူ ထိုသူ သတိပြန်ရဖို့အတွက် သူ၏​ဆေးပညာများနှင့် ကြိုးပမ်းနေလေသည်...

Seokjin Jungkook ကိုပြေးဖက်လိုက်တော့ အရှိန်နှင့်လာနေသောဆိုင်ကယ်နဲ့တိုက်မိသွားသော်လဲ ဆိုင်ကယ်အရှိန်ဖြင့် လွှင့်ထွက်သွားပေမဲ့ လူနှစ်ယောက်ရဲ့ weight ကြောင့် ဝေးဝေးမရောက်သွားဘဲ ကားအသွားအလာမရှိသော လူကူးလမ်းမပေါ်မှာ နှစ်ယောက်စလုံး တစ်လိမ့်လိမ့်နှင့်လှိမ့်သွားပီး Jungkook ခေါင်းနဲ့ သစ်ပင်တစ်ပင်နဲ့ဆောင့်မိသွားသော်လဲ Seokjin ရဲ့လက်များက ပြေးဖက်ကတည်းက Jungkook ခေါင်းကို ကာကွယ်ထားပီးသားဖြစ်သည့်အတွက် Jungkook ဘာမှမထိခိုက်လိုက်ပေမဲ့ Seokjin လက်​တော့ ပွန်းပဲ့ထိရှသွားခဲ့ရသည်...

Seokjin က​တော့ ရုတ်တရက်ဆန်သော အဖြစ်အပျက်ကြောင့် ထိတ်လန့်ခြင်းများနှင့် မော့မြောသွားပေမဲ့ Jungkook က​တော့ အသိရှိနေသေးသည်...Seokjin ကို Jungkook စစ်ဆေးကြည့်တော့ ဒဏ်ရာကလဲ သိပ်မပြင်းဘဲ ခဏတာမေ့မြောတာပဲမလို့ ဆေးရုံကို မခေါ်သွားတော့ဘဲ Seokjin ကားဖြင့် အိမ်ကိုခေါ်လာကာ သူရဲ့ဆေးပစ္စည်းများနှင့် Seokjin ကို ကုသပေးနေလေသည်...

-------------

Jungkook ရေဇလုံထဲ ရေစိုနေတဲ့အဝတ်တစ်ခုကို ရေညှစ်ပီး Seokjin လက်ချောင်းတွေကို သန့်ရှင်းပေးနေသည်...သူ လုပ်ပေးစရာရှိတာ အကုန်လုပ်ပီးပီမလို့ မီးဖိုခန်းမှာ ဆန်ပြုတ်တည်ထားရင်း Seokjin သတိရလာမည့်အချိန်ကို စောင့်နေလေသည်...

လက်ချောင်းလေးတွေကို ရေစိုအဝတ်နဲ့ တစ်ချောင်းပီးတစ်ချောင်း သန့်ရှင်းနေရင်း...

Kook-ကိုကို သတိရချိန် တန်ပီလေကွာ...မောင့်ကို စိတ်ပူအောင် လုပ်နေတာလား...ဒါမှမဟုတ် ဆေးရုံပဲခေါ်သွားရမလား...

Jungkook တစ်ချက်စဉ်းစားလိုက်ပီး...

Kook-မောင် ဆေးရုံခေါ်သွားပေးမယ်...ခဏ မောင် သိမ်းစရာရှိတာ သိမ်းလိုက်ဦးမယ်...

True love {Completed}Where stories live. Discover now