Episode 4

2.6K 262 13
                                    

Unicode;
ညနေ ၅နာရီအထိ ဆိုင်မှာ လူကျနေသည် ၆နာရီ ဆိုင်ကို ဘိုကင်လုပ်ထားသော အဖွဲ့လာမည်ဖြစ်သောကြောင့် ၅နာရီခွဲလောက်တွင် ဆိုင်ပိတ်လိုက်ရသည် ဒီနေ့တစ်နေ့လုံး စိတ်ချမ်းသာနေရသည် အရာအာလုံးအဆင်ပြေနေသည် Koo ရေ ကျေးဇူးအများကြီးတင်တယ် သိလား....

ညနေ ၆နာရီ....

Yoongi-ဟျောင့် ဘိုကင်လုပ်ထားတဲ့သူတွေလဲ မလာသေးဘူးနော်

Seokjin-လာမှာပေါ့ကွာ ခုမှ ၆နာရီထိုးတဲ့ဟာကို

Yoongi-မဟုတ်ဘူးလေကွာ ဆိုင်က ည ၈နာရီပိတ်မှာလေ သူတို့ ငှါးထားတာ ၂နာရီ တော်ကြာ အချိန်မပြည့်လို့ဆိုပီး ပြဿနာ လာရှာနေရင် ငါ့ဆိုင်နာမည်ပျက်မှာ ဆိုင်ဖွင့်တာမှ သုံးလပဲရှိသေးတယ် အဲ့လိုတော့ အဖြစ်မခံနိုင်ဘူး

Jin-Aww ဟုတ်ကဲ့ လုပ်ငန်းရှင်ကြီးရယ် ငါတို့ဘက်က ဘာအမှားမှမရှိတာ သူတို့ ၆နာရီလာမှာမလို့ ၅နာရီခွဲကတည်းက ဆိုင်ပိတ်ထားပေးတာပဲ သူတို့ဘာသူတို့ နောက်ကျတာ သူတို့အပိုင်းဖြစ်သွားပီလေ ပူစရာမရှိ ထိုင်ပူနေတယ်

Yoongi-ထိုင်မပူပါဘူးကွာ မတ်တပ်ရပ်ပီးပူနေတာ မင်းမတွေ့ဘူးလား

Seokjin-မင်း ကပ်သီးကပ်ဖဲ့ မ......

"ကလောင် ကလောင်"

ကျွန်တော်တို့နှစ်ယောက်စလုံး အသံကြားရာ ဆိုင်တံခါးဝကိုလှည့်ကြည့်စဉ်

ဟင် Koo ဘယ်လိုဖြစ်ပီး ဒီဆိုင်ကို ရောက်လာတာလဲ ကိုကို ဒီမှာအလုပ်လုပ်တာ Koo မှမသိတာ....Aww ကော်ဖီသောက်ဖို့ လာတာဖြစ်မယ် ဒါပေမဲ့ ဆိုင်က ပိတ်လိုက်ပီလေ ဆိုင်ရှေ့ဆိုင်းပုဒ်(Close)ကို သေသေချာချာ မကြည့်ဘဲ ဝင်လာပြန်ပီ....ဒီ Koo ကတော့.....

ကျွန်တော် Koo ကိုလက်ပြပီး ခေါ်ဖို့ဟန်ပြင်နေစဉ်

"ကိုကို"

ကိုကိုတဲ့လား.....ဤနာမ်စားသည် Koo က ကျွန်တော့်ကို ခေါ်နေခြင်းမဟုတ် Koo ချစ်သူကောင်မလေးက Koo ကိုခေါ်နေခြင်းပင်ဖြစ်သည် ကျွန်တော်ရော Yoongi ရော shock ရသွားကြသည်....ထို့နောက် Yoongi ကျွန်တော့်ကိုကြည့်လိုက် သူတို့နှစ်ယောက်ကိုကြည့်လိုက် အလုပ်ရူပ်နေစဉ် ဘိုကင်လုပ်ထားသောလူတွေဟုထင်ရသော လူတစ်စုဝင်လာသည်...ကျွန်တော်ကတော့ Koo ကျွန်တော့်ကိုမြင်ရင် နေရခက်ရမှာစိုးလို့ မျက်နှာလွှဲလိုက်သည်.....

True love {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ