ဒေါသထွက်ထွက်နဲ့ မျက်စောင်းထိုးကြည့်တော့ ပြုံးစိစိနဲ့။ နောက်ကသူတွေဆီက ရယ်သံသဲ့သဲ့ကြားသည်။

“စကားပြောရအောင်”
“မပြောဘူး”
“ခနလေးပဲကွာ”
“ဟင့်အင်း”
“ဝေ့”
“ဘာတုန်း”
“ကိုယ်ကတော့ စကားပြောရမှ ဖြစ်မှာ၊ ဝေမလိုက်ခဲ့ရင် ဒီမှာပဲ ပြောမှာ၊ ဝေ ဒီမှာပဲ နားထောင်မလား”

အကျပ်ကိုင်သလို ပြောနေတဲ့သူ့ကို ဝေ စိုက်ကြည့်ရင်း နှလုံးသားတို့က အရည်ပျော်လာပါပြီ။

ကျနော်လို့ ပြောနေကျသူက ကိုယ်လို့ ပြောနေသည်။

အပြုံးတို့က နဂိုထက် နူးညံ့ချိုမြိန်နေသည်။ ဒီကောင်လေး ဝေ့ကို ပြုစားပြန်ပါပြီ။

မဖြစ်ဘူး ဝေ ၊စိတ်ထိန်းစမ်း။ဝေ ကိုယ့်စိတ်ကို ပြန်အားတင်းရင်း

“ဝေ့ကို လမ်းတွေ့ရင်တောင် မနှုတ်ဆက်ပါနဲ့လို့ ပြောထားတယ်လေ”

“ကိုယ့်သဘောပါ” နှုတ်ခမ်းစူကာ ရန်ထောင်သလို ပြောလိုက်သည့် သူ့ကြောင့် ဝေ တင်းထားလို့မရတော့ပါ။

ဝေ ရယ်လိုက်မိတော့သည်။ ဝေ ရယ်လိုက်တော့ သူက ဝေ လက်ကို ဆွဲလိုက်ပြီး
“နော် လာ အပြင်ခနသွားရအောင်”

ဝေ နွယ့်ကို တချက်လှမ်းကြည့်တော့ “သွား သွား ၊ Roll callလဲ လစ်ရင် ငါဖန်တီးထားပေးမယ်”တဲ့။အရမ်းကို အားကိုးဖို့ကောင်းတဲ့ သူငယ်ချင်းလေး။

ဝေက ဟီးကနဲ ရယ်ပြလိုက်တော့ ဟန်သာက “အပြန်ကျ ကျနော် နွယ့်ဖို့ မုန့်၀ယ်ပေးလိုက်မယ်နော်”တဲ့။

ဝေတို့နှစ်ယောက် ကျောင်းထဲက လူရှင်းသည့် သစ်ပင်ရိပ်အောက်တခုကို သွားလိုက်သည်။

ဝေ့လက်ကို ဆွဲထားတုန်းမို့ ဝေရုန်းလိုက်တော့ “sorry”ဆိုပြီး လွှတ်ပေးသည်။

“ပြောလေ”

“ဘာပြောရမှာလဲ”

“ဟင် ဟန်သာပဲ ပြောစရာရှိလို့ဆိုပြီး အတင်းခေါ်လာပြီးတော့”

ဝေ့ စကားအဆုံးမှာ အဟီးဆိုပြီး ခေါင်းကိုစောင်းကာ ဂုတ်ကို လက်နဲ့ပွတ်ရင်း စပ်ဖြီးဖြီးနဲ့ ရယ်တော့သည်။

မတူညီသော ဆုံမှတ်များWhere stories live. Discover now