Part 8

254 11 1
                                    


"ဘုန်း"

အရှိန်နဲ့ ပစ်တိုက်လိုက်မိတာကြောင့် ဝေ နောက်ကို လန်သွားသည်။

တဖက်ကသူက ဝေ့ကို လှမ်းဆွဲထားတာကြောင့်သာ ဝေတစ်ယောက် မြေကြီးပေါ်ကို ဖင်ထိုင်ရက်မကျတာပင်ဖြစ်သည်။

ဖုန်းကို ငုံ့ကြည့်ရင်း လျှောက်လာမိသည့် ကိုယ့်အပြစ်ကြောင့် ဝေ့မှာ တဖက်လူကို မချိသွားဖြဲလေး ရယ်ပြလိုက်မိသည်။

'sorryနော် ဝေက အရှေ့ကို မကြည့်မိလိုက်ဘူး"

"ရပါတယ်ဗျာ ကျွန်တော်လဲ အကွေ့ကို အရှိန်နဲ့ ပြေး၀င်မိလိုက်လို့ပါ"

"ဟုတ်ကဲ့ အဲ့တာဆို ဝေ့ကို ခွင့်ပြုပါဦး"

"ကျွန်တော့ကို မမှတ်မိဘူးလားဟင်" ဝေ့ကို စိုက်ကြည့်ပြီး မေးလာသည့်သူ့ကို ပြန်ကြည့်လိုက်မိသည်။

မျက်ခုံးလေးပင့်ကာဖြင့် သူ့ကို ကြည့်ရင်း စဉ်းစားနေသောကောင်မလေးကို ကြည့်ရင်း သုတရယ်လိုက်မိသည်။

"အရင်တခါက တွေ့ဖူးတယ်လေဗျာ ၊ကျွန်တော့သူငယ်ချင်းကို မိန်းကလေးမှတ်ပြီး.."

"အာ သုတ"လက်ညှိုးလေးထိုးရင်း ရင်းနှီးစွာပြောလိုက်သော ပုံစံလေးကြောင့် သုတမှာ အသည်းတွေပင် ယားသွားသည်။

"နာမည်ပါ မှတ်မိသေးတာလား?"

"အင်း ဟန်သာက ခနခနပြောနေလို့ ၊ sorryနော် လူကိုမြင်မြင်ချင်း မမှတ်မိလိုက်ဘူး"

ဟန်သာဆိုတဲ့ နာမည်ကြောင့် သုတမှာ အပြုံးပင် ပျက်ချင်သွားသည်။

"ဟန်သာနဲ့ ရင်းနှီးလား"

"ဟဲ့ သုတ နောက်ကျနေလို့ မြန်မြန်လာပေးပါဆိုတာကို နင်က ဒီမှာ ဘာရပ်လုပ်နေတာလဲ"

ဝေ့မှာ အဖြေတောင် မဖြေရသေးခင် အသံစွာစွာလေးဖြင့် ဘေးနားရောက်လာသော
ကောင်မလေးကို ကြည့်မိလိုက်သည်။

ဪ ဟိုကောင်မလေးပဲ။ အရင်နေ့က ကားပေါ်မှာ ‌တွေ့လိုက်သည့် ကောင်မလေး။

ကောင်မလေးက အနီးကပ်ကြည့်တော့ ပိုချစ်စရာကောင်းသည်ပဲ။

အဲ့ဒီကောင်မလေးက သုတကို ပြောရင်း သူ့ကိုငေးကြည့်နေသည့် ဝေ့ကို သတိထားမိသွားပုံပေါ်သည်။

"ဟင် ယူက သုတနဲ့လဲ သိတာလား?"

ကောင်မလေးရဲ့ ထူးထူးဆန်းဆန်းမေးခွန်းကြောင့်‌ ဝေလဲကြောင်သွားပြီး မျက်လုံးလေးပြူးသွားသည်။

သုတကလဲ "နင်နဲ့ရော သိလို့လား? သုတနဲ့လဲ သိတာလားဆိုတော့"

သုတအမေးကြောင့် ကောင်မလေးက ခေါင်းခါရင်း "ငါနဲ့ မသိပါဘူး၊ ဟန်သာနဲ့ တွဲနေတာ"

ဝေ နောက်တကြိမ် မျက်လုံးပြူးရပြန်သလို သုတအကြည့်တွေက ဝေ့ဆီရောက်လာသည်။

"ဟင် မဟုတ်ပါဘူး။ ဝေနဲ့ ဟန်သာက မတွဲပါဘူး။ ဒီတိုင်း နည်းနည်းရင်းနှီးတာပါ။ဟန်သာကလဲ မတွဲသလို ဝေကလဲ ဟန်သာ့ကို မတွဲပါဘူးနော်"

လက်လေးတခါခါဖြင့် အသည်းအသန်ရှင်းပြနေသော ဝေ့ကို ကြည့်ပြီး သုတနဲ့ ချယ်ရီက ရယ်ကြတော့သည်။

ချယ်ရီက "မတွဲဘူးဆိုလဲ တောင်းပန်ပါတယ်နော် ၊ အရင်နေ့က ယူတို့ကို ကျောင်းထဲမှာ တွေ့လိုက်လို့ ပြီးတော့ ကားပေါ်မှာရော ၊ ဒါနဲ့လေ ဟန်သာနဲ့ မတွဲကြောင်း အသည်းအသန်ငြင်းတာ ချယ်ရီတော့ ယူတစ်ယောက်ပဲ မြင်ဖူးတယ်၊ ဒါကြောင့်လဲ ဟန်သာက ရေချိန်မြင့်နေတာ"

"ရှင်"

"အဲ့ကောင်က မရသေးတာတို့၊ ရဖို့မသေချာသေးတာတို့ဆိုရင် မရရအောင် အသည်းအသန်ကြိုးစားပြီး ရသွားရင် ၊ ရမှာသေချာရင် စိတ်မပါဘူးဆိုပြီး လွှတ်ချတတ်တာမျိုးလို့လေ"

ကောင်မလေးစကားကြောင့် ဝေမျက်နှာပျက်သွားမိသည်။

သုတက အဲ့ဒီကောင်မလေးလက်ကို လှမ်းပုတ်ရင်း "ဟဲ့"လို့ ဟန့်တော့ ကောင်မလေးက "ဘာဖြစ်လို့လဲ"ဆိုသည့်ပုံစံဖြင့် ပုခုံးကို တွန့်ပြလိုက်သည်။

"ဒါနဲ့ ချယ်ရီပါ ၊နောက် လမ်းမှာတွေ့ရင် ခေါ်မယ်နော်၊ချယ်ရီက သုတနဲ့ ဟန်သာ့သူငယ်ချင်းဆိုတော့ သူတို့နဲ့သိတဲ့သူကလဲ ချယ်ရီ့သူငယ်ချင်းပေါ့"

ဝေလဲ ပြန်ပြုံးပြရင်း "ယဉ်လဲ့ဝေပါ၊ ဝေလို့ ခေါ်လို့ ရတယ်နော်"

ချယ်ရီက ပြန်ပြုံးပြရင်း သွားတော့မယ်နော်ဆိုပြီး သုတလက်ကို ဆွဲကာ ထွက်သွားတော့သည်။

ဝေကတော့ ချယ်ရီပြောသွားသည့် စကားများကို ပြန်စဉ်းစားရင်း ဟန်သာရဲ့ ပျင်းရိခြင်းကို ဘယ်အချိန် လက်ခံရရှိမလဲဆိုတာ တွေးနေမိတော့သည်။









မတူညီသော ဆုံမှတ်များWhere stories live. Discover now