🐹❗ကျွန်တော့်အသားကအရသာမရှိဘူး❗🐹/🐹❗ကြၽန္ေတာ့္အသားကအရသာမရွိဘူး❗🐹

Start from the beginning
                                    

သားရဲတစ်ပိုင်းလူသားလေးက ကျားအသားများကို ဆွဲဖြဲကာထုတ်နေစဥ် သူ၏တင်ပါးလုံးလုံးလေးက စကပ်အောက်မှပေါ်နေ၏။ မြက်စကပ်အောက်မှ မြင်ကွင်းလေးမှာ ကြည်လင်ပြတ်သားလှသဖြင့် အက်ဂါမှာ အဖျားတက်သလိုပူလောင်လာရ၏။

သူက အင်အားနည်းပြီး ကြောက်တတ်၊ရွံ့တတ်သည့် သားရဲတစ်ပိုင်းလူသားများအား သဘောမကျခဲ့ပေ။ သို့သော်လည်းယခုတော့ သူ့အားအရမ်းကြောက်ပြီး သတ္တိနည်းသည့်သားရဲတစ်ပိုင်းလူသားငယ်လေးအား တော်တော်ချစ်ဖို့ကောင်းသည်ဟု သူတကယ်တွေးနေမိ၏။

သူကလက်ရှိအခြေအနေအား ပြန်တွေးမိသွားတော့ အက်ဂါမှာ ခေါင်းမှရေခဲပုံးလိုက်လောင်းချခံလိုက်ရသလို ခံစားလိုက်ရ၏။

သူက သားရဲတစ်ကောင် ​ဖြစ်သွားခဲ့ရပြီ။

အကယ်၍ သူသာဒဏ်ရာအပြင်းအထန်မရရှိပဲ သူ့ရှေ့တွင် မကြာခဏမပေါ်တပေါ်ဝတ်ထားသည့် သားရဲတစ်ပိုင်းလူသားနှင့် တွေ့ဆုံရလျှင်.....ထိုသူမှာ မကောင်းသည့်ရည်ရွယ်ချက်ရှိသည်ဟု သူတွေးမိလိမ့်မည်။

အက်ဂါက အကောင်ငယ်လေးအား မြက်စကပ်သာဝတ်ထားလျှင် ဖုံးကွယ်အပ်သောအပိုင်းမှာ အလွယ်တကူပေါ်နိုင်ကြောင်း သတိပေးသင့်၊မပေးသင့် စဥ်းစားကာ သက်ပြင်းချမိလိုက်၏။

ရှုရှုမှာအားအများကြီးသုံးကာ ကျားအသားကိုဖဲ့နေရသဖြင့် သူ၏လက်သည်းချွန်လေးများပင် ထုံကာနာကျင်နေလေပြီ။

သူက ကျားအသားနှင့် အသည်းကို သစ်ရွက်အကြီးကြီးပေါ်တင်လိုက်လိုက်ပြီး မျက်နှာပေါ်တွင်လည်း ကျေနပ်သည့်ဟန်ပေါ်နေ၏။ သူကမြက်အချို့ကိုယူကာ သူ၏လက်ပေါ်မှသွေးစများကို သန့်ရှင်းလိုက်၏။ ရှုရှုက အနားယူရန်စဥ်းစားလိုက်ပြီး မြွေကြီးအားလှည့်ကြည့်လိုက်ရာ ထိုမြွေကြီးက အေးစက်စက်မျက်လုံးများဖြင့် သူ့အားစိုက်ကြည့်နေသည်နှင့် ဆုံလိုက်ရ၏။

ရှုရှု၏နှလုံးသားလေးမှာ အခုန်မြန်သွားရပြီး သူဘယ်နှစ်ကြိမ်မြောက် ထွက်ပြေးခဲ့ရသည်ကိုပင် မမှတ်မိတော့ချေ။

ခြေလှမ်းအနည်းငယ်ထွက်ပြေးသွားပြီးမှ သူ၏နှလုံးသားလေး အခြေကျသွားလေ၏။ သူက မြွေကြီးအားလှည့်ကြည့်ပြီး ပြောလိုက်၏။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now