အပိုင်း(၁၇)

Start from the beginning
                                    

ဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့ အကိုထျန်းရန်ကကျောင်းလိုက်ပို့ပေးတယ် သူလည်းဒီဘက်သွားစရာရှိတာနဲ့ကြုံလို့ တဲ့
ကျောင်းရှေ့ရောက်တော့ ကားလေးကိုအရှိန်လျော့လို့ရပ်ပေးတယ် ရှောင်းကျန့် ကားပေါ်ကဆင်းသွားတော့ အကိုထျန်းရန်က သူထိုင်တဲ့ဘက်ကကားမှန်ချလို့ စကားလှမ်းပြောတယ်

"အားကျန့် စိတ်မလောနဲ့နော် အေးဆေးသေချာစဥ္းစားဖြေ ဒီနေ့ပြီးရင်ပြီးပြီ ဟုတ်ပြီလား"

ရှောင်းကျန့်လည်း ကားတံခါးနားခေါင်းလေးငုံ့လို့

"ဟုတ် သားအောင်မှာပါနော် အကိုထျန်းရန်"

"အောင်မှာပါ အားကျန့်ဒီလောက်ကြိုးစားထားတာပဲဟာ"

ထျန်းရန်က ရှောင်ကျန့်ဆံပင်လေးကိုဖွရင်း ​ဒီကလေးစိတ်ဖိစီးမှုလျော့အောင် ပြောပေးတယ်

"ဟီးဟီး အ့ဲတာဆိုသားသွားပြီနော်"

ရှောင်းကျန့်က အပြုံးလှလှလေးပြုံးပြပြီး ကျောင်းထဲ၀င်သွားတယ် ရှောင်းကျန့်ကျောင်းထဲရောက်တာသေချာမှ ထျန်းရန်လည်းကားလေးမောင်းထွက်လာခဲ့တယ်

ကျောင်းထောင့်နားမှာရပ်ထားတဲ့ကားအနက်လေးပေါ်က၀မ်ရိပေါ်က အဲ့မြင်ကွင်းကို အစအဆုံးငေးကြည့်တယ်
'ငါ့ကိုချစ်တယ်ဆိုပြီးမျက်ရည်တွေနဲ့ပြောခဲ့တဲ့ကောင်က ခုတော့တစ်ခြားတစ်ကောင်နဲ့ပြုံးပျော်နေလိုက်တာများ မျက်စိစူးတဲ့ထိပဲ မင်းကတကယ်မာယာသိပ်များတဲ့ကောင်ပဲရှောင်းကျန့်'

စာမေးပွဲပြီးမယ့်အချိန်ထက်တစ်နာရီလောက်စောပြီးထွက်လာတဲ့ကျောင်းသားတစ်ချို့တစ်လေက ကျောင်းရှေ့မှာ​အကြိုစောင့်နေကြတယ် ကိုယ့်ဘာသာလာတဲ့တစ်ချို့တွေကလည်းပြန်ကုန်ကြပြီ စာမေးပွဲပြီးလို့ လည်ကြမယ့်အဖွဲ့တွေကလည်း အလျိုလျိုထွက်သွားကြပြီ
၀မ်ရိပေါ်ရယ် ဟောက်ရွှမ်းရယ် ယွီပင်းရယ်ကတော့ ခုထိကျောင်းရှေ့မှာရပ်နေကြတုန်း

"ဘယ်သွားရင်ကောင်းမလဲ"

"မင်းရောဘယ်သွားချင်လဲ"

"မင်းကရော"

ယွီပင်းနဲ့ဟောက်ရွှမ်းက တစ်နေရာရာသွားဖို့အတွက်စဥ်းစားနေကြတယ်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now