"လင်းရာ ရေချိုးလိုက်ပါ့လား။ လန်းသွားအောင်"

"အင်္ကျီမပါလာလို့ မချိုးတော့ဘူး။ အဆောင်ရောက်မှပဲ ချိုးတော့မယ်"

"အင်္ကျီပဲကွာ ကိုကြီးစစ်ပိုင် အင်္ကျီယူဝတ်လည်းရတာပဲ။ ငါ့အင်္ကျီ ယူဝတ်လည်း ရနေတာပဲဟာ"

"အင်း အဲ့လိုလည်း ဟုတ်သား"

"သာထူးလည်း ငါ့အခန်းထဲမှာပဲ။ မင်းတို့နှစ်ယောက်လုံး ဒီည ဒီမှာပဲ အိပ်လိုက်ပါ့လား"

"သာထူးကရော ဒီမှာ အိပ်မှာလား"

"မင်း လိုက်မေးကြည့်ပါ့လား"

"အင်း ခဏစောင့်ဦး ငါမျက်နှာ သစ်လိုက်ဦးမယ်"

"အင်း"

မျက်နှာသစ်ပြီး ထူးခြားအခန်းထဲကို လိုက်သွားတော့ ကုတင်ပေါ်မှာ အခန့်သား အိပ်နေသည့် သာထူးကို တွေ့လိုက်ရလေသည်။

"သာထူး"

"ဟင်"

"ထတော့လေ။ ညနေစောင်းနေပြီ"

"အင်း"

"ဒီည ဒီအဆောင်မှာ အိပ်ကြမလား"

"အင်း မင်းရော"

"မင်းအိပ်ရင် ငါလည်း အိပ်မှာ"

"အင်း အိပ်လေ"

သာထူးက ထိုကဲ့သို့ နှစ်ခါ တိုင်ပင်စရာမလိုပေ။ သာထူးကပါ အိပ်မည်ဆိုသဖြင့် လင်းရာ ခုည ဒီအဆောင်မှာ အိပ်မည့်အကြောင်း လူကြီးကို သွားပြောရပေမည်။

"လူကြီး"

"ဟင်"

"ဒီည ဒီမှာ အိပ်မလို့။ သာထူးလည်း အိပ်မယ်တဲ့"

"တကယ်လား"

"အင်း အဲ့ကြောင့် ဒီမှာပဲ ရေချိုးလိုက်တော့မယ်။ လူကြီး အင်္ကျီတွေ ပေးဝတ်နော်"

"ဟုတ်ကဲ့ပါဗျာ။ လာပါဦး ကိုယ့်ဆီကို"

ကုတင်ပေါ်မှာ ပက်လက်လှန်နေတဲ့ လူကြီးက လက်လေးနှစ်ဖက် ဆန့်တန်းပေးလာတော့ လူကြီးရင်ခွင်ထဲကို လင်းရာ ဝင်လှဲလိုက်သည်။

"ကိုယ့်ကို မနက်ကလို ခေါ်ကြည့်ပါဦး"

"ဘယ်လို ခေါ်ရမှာလဲ"

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now