မဟုတ်လောက်ပါဘူး ။

သူ့ရဲ့ ထက်မြက်လှတဲ့ ရည်းစား က

နောက်ထပ်အသစ်ရသွားတယ်တဲ့လား ...

ချီးပဲ.. ငါနဲ့ပြတ်တာ တစ်ပတ်ပဲရှိသေးတာလေ

Min Yoongi ဆိုတဲ့ ငါ့ရည်းစားဟောင်းက

လူစိတ်မှရှိသေးရဲ့လားလို့  တကယ်ပဲ.... ။

Kim Taehyung က မှားမြင်တာနေမှာပါ ။

ဘယ်လိုလုပ် Min Yoongiက
သူ့ရဲ့ ဒီအဖိုးတန်ချစ်စရာကောင်လေးကို
ချက်ချင်းကြီး မေ့ပစ်နိုင်မှာလဲ လို့

Jiminတောင် မမေ့နိုင်သေးတာကိုနော်။

မနေ့တနေ့ကတောင်
သူ့ရဲ့ အတန်းရှေ့မှာ လာစောင့်နေမယ့်ထိုသူ
ကို မျှော်နေမိတုန်း လေ ။

သူ့ရဲ့ ph screen က စုံတွဲ ပုံတောင်
ခုထိမပြောင်းရသေးတာကိုလေ ။

....

တခုလောက်မေးလို့ရမလား

ပြတ်တာမကြာသေးတာကို
နောက်တစ်ယောက်နဲ့
ထပ်တွေ့တဲ့ ရည်းစားဟောင်းကို
ချောင်းရိုက်ချင်တာ အပြစ်ရှိလား ။

....

တမနက်ခင်းလုံး ငေးငိုင်နေတဲ့
Jiminဟာ မနက်ခင်းစာသင်ချိန်
ကုန်သွားသည်ကိုတောင်သတိမထားမိ။

**Jimin nah ဘာလုပ်နေတာလဲ
သွားမယ်**

သူ့ကို ပခုံးပုတ်ရင်း
လာခေါ်နေတဲ့ အကောင်းစားသူငယ်ချင်းလေးရဲ့
ပြောစကားကြောင့်
သွေးအန်မိတော့မလို့ပင်၊

**မင်းနဲ့အတူ နေ့လည်စာစားမယ့်
ရည်းစားလည်းမရှိ‌တော့ ဘူး ဆိုတော့
ငါတို့နဲ့အတူသွားစားမယ် လာခဲ့**

ခပ်ပြုံးပြုံးနှင့်လာခေါ်နေတဲ့သူကို
Jimin မျက်စောင်းထိုး မိသွားပြီ တချက်...
သေချာပေါက် အဲ့လိုကြီး ပြောမှရမှာလား
Kim Taehyung  (¬_¬)

Canteen ရောက်သွားတဲ့အခါမှာ
Jiminရဲ့ လောင်ကျွမ်းလုနီးပါးအခြေအနေကို
လောင်စာထည့်ပေးသူက
Kim Seokjin ရယ်ပါ..

**Yah! Park Jimin အစားစားတာကောင်းကောင်းစား ငေးငေးငိုင်ငိုင်နဲ့
နှေးကွေး မနေနဲ့ ဘေးကနေ ထိုင်ကြည့်ပြီး
ခွံ့ ကျွေးမယ့် Min Yoongi မရှိဘူးနော်**

Romance Rippling in the Breeze [YM]Where stories live. Discover now