ကျွန်တော် မိတ္တူသွားဆွဲတိုင်း ကိုကို ကျွန်တော့်ကို ဘာမှမပြောဘူး...မလာနဲ့လို့လဲ မမောင်းထုတ်ဘူး...ကျွန်တော့်ကို ဘာစကားမှကို မပြောတာ...တကယ်ဆို "တခြားမိတ္တူစက်တွေလဲရှိတယ် ငါ့ရုံးခန်းကိုမလာနဲ့" လို့ ကိုကို ကျွန်တော့်ကို ပြောလို့ရတဲ့အနေအထားတစ်ခုပဲမလား...ဒါပေမဲ့ ကိုကိုမပြောတော့ ကျွန်တော့်အတွက် ကိုကို့ကိုတွေ့ရဖို့ အခွင့်အရေးတစ်ခုလိုဖြစ်သွားတာပေါ့...

ကျွန်တော် ကိုကို့ကို ဝါးစားမတတ် စိုက်ကြည့်တဲ့အချိန်တွေဆိုရင် ကိုကို လုပ်မထိ ကိုင်မထိ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားတယ်ဆိုတာ ကျွန်တော် သတိထားမိတယ်...အဲ့လိုအချိန်ဆိုရင် ချစ်ဖို့ကောင်းလွန်းတဲ့ကိုကို့ကို အကောင်လိုက်သာမြိုချပစ်လိုက်ချင်တယ်...

တစ်ချက် တစ်ချက် ကျွန်တော်နဲ့အကြည့်ချင်းဆုံသွားရင်လဲ ကိုကို့မျက်နှာက မှည့်ရောနေတဲ့ ခရမ်းချဉ်သီးတစ်လုံးလို ဖြစ်သွားတတ်တယ်...ရှက်သွေးဖြာပီး နီရဲသွားတဲ့ ပါးပြင်နှစ်ဖက်ကို ရွှတ်ခနဲမြည်အောင် နမ်းလိုက်ချင်တယ်...

ကျွန်တော်က အကြည့်ချင်းဆုံသွားလို့ ရင်ခုန်မလို့ရှိသေး...ကိုကိုက ဆက်ခနဲ ခေါင်းပြန်ငုံ့သွားလို့ ရင်ခုန်မဲ့အရှိန်တွေ ဘရိတ်အုပ်လိုက်သလို တုံ့ခနဲ ရပ်သွားခဲ့ရတဲ့အချိန်တွေ တစ်ပုံကြီး...

"တော်တော် ဒေါသထွက်ဖို့ကောင်းတယ်...ကောင်စုတ်လေး..."

ဒေါသတကြီးနဲ့ ပွစိပွစိပြောပီး ကျွန်တော့်ဘေးက သူ့ခုံမှာဝင်ထိုင်လိုက်တဲ့ ဟာနာ...

Kook-ဘာဖြစ်လာတာလဲ...ဒါနဲ့ ဟာနာ ဒီနေ့နောက်ကျတယ်နော်...

"နောက်ကျမှာပေါ့...ဟို နို့နံမစင်သေးတဲ့ သူတောင်းစားကြောင့်လေ..."

Kook-ဟမ်! သူတောင်းစား ဟုတ်လား...

"အေ... Jungkook နင်ပဲ စဉ်းစားကြည့်ဟာ..."

Kook-အင် ပြော...

"ငါရပ်ထားတဲ့ကားကို သူ့ဆိုင်ကယ်နဲ့ ဝင်တိုက်သေးတယ်...ငါ့ကိုလဲ လျော်ကြေးတောင်းတယ်...ဒါ ဖြစ်သင့်လား..."

Kook-ဟင့်အင်း မဖြစ်သင့်ဘူး...

ဒီဌာနမှာ ကျွန်တော်နဲ့သူပဲ အသစ်ရောက်လာသလို အသက်အရွယ်လဲတူတယ်...ဟာနာက ခင်ဖို့ကောင်းတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ...ဘာလုပ်လုပ် ရှပ်ပြာရှပ်ပြာ နိုင်လွန်းတယ်...အခုလဲ ဘာဖြစ်လာပြန်ပီလဲမသိ~~သူ့အဖြစ်အပျက်ကို လုပ်လက်စအလုပ် ခဏထားပီး နားထောင်ပေးလိုက်တယ်...သူရဲ့အကျင့်အတိုင်း ကျွန်တော်နဲ့စကား​ပြောရင်း အားပါရင်ပါသလောက် ကျွန်တော့်ကို ရိုက်လိုက် ထိလိုက်နဲ့ပေါ့...ကျွန်တော့်အတွက် ဒါဟာ မထူးဆန်း​တော့ပါဘူး...

True love {Completed}Donde viven las historias. Descúbrelo ahora