Start from the beginning
ထိုအကောင်ငယ်လေး၏ ကိုယ်ပေါ်မှဒဏ်ရာများအတွက် အက်ဂါက တောထဲဝင်ကာ ဆေးပင်အရှာထွက်တော့၏။
မြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ဘာလုပ်လုပ်အဆင်မပြေတော့ချေ။ အက်ဂါက ဆေးပင်များကို ခက်ခက်ခဲခဲတူးထုတ်ခဲ့ရပြီး သူ၏ပါးစပ်ဖြင့်ဂရုတစိုက်ကိုက်ချီကာ ရှုရှု၏ဂူလေးဆီတစ်ဖန်ပြန်လာခဲ့၏။
သားရဲတစ်ပိုင်းလူသားလေး၏ ဂူပေါက်ဝမှာ ပိတ်ထားပြီး ထိုကောင်လေး၏အနံ့ကိုပါ ဂူပတ်ဝန်းကျင်တွင်မရတော့ပေ။ ထိုအကောင်ငယ်လေးက သေချာပေါက် ဂူထဲမှာပဲရှိနေ၏။ အက်ဂါက ဂူဝလေးတွင် ဆေးပင်များကိုထားခဲ့ကာ ထွက်သွားရန်ပြင်လိုက်စဥ် ထိုအကောင်ငယ်လေး သူ့အားအသားများထားပေးသည့်နေရာလေးတွင် မြက်ကြိုးဖြင့်ချည်နှောင်ထားသော တောရိုင်းပန်းစည်းအားတွေ့လိုက်ရ၏။
ထိုပန်းများအား သားရဲတစ်ပိုင်းလူသားလေးက ခူးခဲ့၏။ အရွက်ချွန်ချွန်ပေါင်းပင်များနှင့် တောရိုင်းပန်းများကိုရောစပ်ကာ ချည်ထားသည့်ပန်းစည်းက ဆွဲဆောင်မှုရှိကာ.... အလွန်လည်းလှပ၏။ ဒါ....ဒါသူ့အတွက်...အကောင်ငယ်လေးကပေးတဲ့ လက်ဆောင်ပေါ့လေ။
အက်ဂါကထိုသားရဲတစ်ပိုင်းလူသားလေး ပန်းတွေခူးနေသည်ကိုမြင်တော့ သူ၏ဂူလေးအားအလှဆင်ဖို့ဟုသာထင်ခဲ့၏။ သားရဲတစ်ပိုင်းလူသားတိုင်း ပန်းများကိုကြိုက်ကြသည်လေ။ သူ့အထင်ကမှားသွားခဲ့ပြီး အက်ဂါအားလည်းအံ့သြသွားစေခဲ့၏။
ပန်းစည်းကို ဂရုတစိုက်ပါးစပ်ဖြင့်ကိုက်ပြီး အက်ဂါက နှလုံးပီတိ ဂွမ်းဆီထိကာ ထွက်ခွာသွားတော့၏။
..................🌿🌿🌿🌿🌿..................
မကြာမီတွင်ပင် ရှုရှုကဆေးပင်များကိုတွေ့သွား၏။ ထိုဆေးပင်များအား ပါးစပ်ထဲထည့်ဝါးစားရင်း ဂူထဲသို့ယူသွားလိုက်၏။ အရသာကြီးက ဆိုးလိုက်တာ....
ထိုသဘောကောင်းသည့်လူကြီးက သူ့ကိုတမင်သက်သက် စနေတာလား။ ရှုရှုက ဆေးပင်များအားထွေးထုတ်လိုက်ပြီး သူ၏မျက်လုံးများတွင်လည်း မျက်ရည်များဝေ့သီလာ၏။ သည်လိုအရသာဆိုးသည့်အရွက်ကို သူလုံးဝမစားနိုင်ပါဘူး။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now