🤧#၁

8.7K 301 1
                                    

အရာရာ ပြည့်စုံနေပီထင်ရတဲ့ အသိုင်းဝိုင်းတစ်ခုကလာတယ်။။ချစ်ခြင်းမေတ္တာမပါတဲ့ အိမ်ထောင်သက်တမ်းကိုတည်ထောင်ပီး ပျော်သလိုနေကျရင် မိသားစု ဘယ်ဟုတ်ပါတေ့ာမလဲ။။
လက်မှတ်ထိုးထားတဲ့စာရွက်ပေါ်ကနာမည်နှစ်ခုရဲ့
ခန္ဓာပေါင်းစပ်‌ခြင်းကြောင့် လူဖြစ်လာရတယ်။ ဘ၀ ဟာ သူစိမ်းနှစ်ယောက် စုပေါင်းပီး ကိုယ့်ကို ပြုစုဂရုစိုက်တယ်ဆိုတာထက် မပိုခဲ့။

အချစ်ဆိုတာ တကယ်ရှိလို့လား.........။
............
နှစ်ဖက်မိဘ သဘောတူညီမှုအရ လက်ထက်လိုက်ရတဲ့အခမ်းနား တစ်ခု....
GD& Jane..or..Jennie Kim
ကြီးကျယ်လှတဲ့ပွဲမှာ လိုက်ဖက်ညီကြောင်း ပြောရင်း လက်စုံကျနေတယ်။ ပျော်စရာတစ်ခုမှမရှိပါဖဲ မျက်နှာမှာ အပြုံးတွေချည်းဆင်ထားရတယ်။

"Jane

"အင်း

"ကိုယ်မင်းကို တစ်ခုလောက်မေးလို့ရလား

"မေးလေ

ညအိပ်၀တ်စုံလဲပီး ခေါင်းလျော်ပီးစ ဆံပင်တွေကို တပတ်နဲ့သုတ်နေရင်း သူမေးမည့်စကားကိုနားထောင်နေလိုက်တယ်။

"ကိုယ့်ကို စိတ်မ၀င်စားဖဲနဲ့ဘာလို့ လက်ထပ်ခဲ့တာလဲ

"ဒီ စကားကို အခုမှ ဘာလို့မေးနေလဲopa ဘာအဖြေဖဲဖြစ်ဖြစ် အခြေနေက ပြောင်းလဲမသွားတေ့ာဖူးလေ

"အ့ာတာကြောင့်လဲ ကိုယ်မေးရဲတာပေါ့ ဖြေပါ ကိုယ်က ကြားချင်ယုံတင်

"ပါးနဲ့မား က တရား၀င်ကွဲကြောင်း လက်မှတ်မထိုးတာဖဲရှိတယ် opaသိတယ်မလား။ သူတို့ကွဲဖို့ မလုပ်တာလဲ janeကြောင့်ဖဲလေ။
ဂျိန်းကို စိတ်မချလို့တစ်ခုထဲနဲ့ အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ဆက်ဆံရေးကို တစစီကောက်နေရတာ ။ အ့ာတာကြောင့်

"What? အခုထိ ကိုယ်ပြောချင်တာကို နားမလည်သေးဖူး

"ဂျိန်း အိမ်ထောင်ကျသွားရင် သူတို့စိတ်ချသွားပီလေ။
တစ်ခုထဲသော ထွက်ပေါက်ကလဲ ဒါဖဲရှိတယ်။ opaအကြောင်းလဲ jane သိတာဖဲ ။ ငြင်းမနေတေ့ာဖူး။opaငြင်းရင်လဲ လက်ခံလိုက်မှာဖဲ

"ကိုယ်ထင်ထားတာထက် ပိုဆိုးတာဖဲ ထားပါတေ့ာ။ ဒီညက မင်္ဂလာဦးညလေ Jane ။ကိုယ်တို့‌ေပျာ်ပျော်နေသင့်တယ်မလား

Sugarbooजहाँ कहानियाँ रहती हैं। अभी खोजें